အပိုင်း(၁၇၅) ဆိုတော့ ဒါကြောင့်ပေါ့

277 45 0
                                    


ထို့နောက် မလှမ်းမကမ်းတစ်နေရာတွင် ကျောင်းဂိတ်တံခါးမှ လူ(၄)ယောက် လျှောက်ထွက်လာခဲ့၏။ ထို(၄)ယောက်ထဲမှ တစ်ယောက်ကို အလွန် ရင်းနှီးနေသယောင် ခံစားနေရ၏။ ဖန်းကျန့် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ရုပ်သွင်တစ်ခု ပေါ်လာ၏။ ထိုလူစုထဲ၌ ကျစ်ဆံမြှီးနှင့် မိန်းကလေးတစ်ယောက် နူးညံ့စွာ ပြုံးလျက် ရှိနေသည်။ 

သူ(မ)သည် မျက်မှန်တပ်ထားပြီး အရှက်အကြောက်ကင်းသော အမူအရာအရ ဉာဏ်ထက်မြတ်သော မိန်းမလှလေးတစ်ယောက် ဖြစ်မည်ဟု တပ်အပ်​သိနိုင်ပေသည်။ ထိုရုပ်ပုံနှင့် လူတစ်ယောက်ကို စပ်ဆက်မိသွားသောအခါ ထိုလူမှာ ဖန်းယွင်ကျင့်မှ လွဲ၍ အခြားလူမဖြစ်နိုင်ဟု ဖန်းကျန့် အတပ်သေချာသွား၏။ 

ဖန်းယွင်ကျင့်၏ အနားတွင်မတော့ ၎င်း၏ မိဘများ ဖြစ်ကြသော ဖန်းချင်းဟီ နဲ့ ဖန်းချွေ့တို့ ရှိလေသည်။  သူ(မ)၏ မောင်ငယ်တစ်ယောက် ဖြစ်သော ဖန်းရှောင်လုံလည်း ရှိလေသည်။ ကျောက်တာ့ထုံ အကြောင်းစုံရှင်းပြကြားထားသောကြောင့် ထိုသူတို့ကို သူအလွယ်တကူမှတ်မိသွား၏။

 ဖန်းကျန့် မလှုပ်ရှားသေးဘဲ ခပ်မဆိတ်သာ နေ၏။

 “အဖေ၊ အမေ၊ မောင်လေးတို့ သွားကြတော့ မလို့လား… ။ သမီးနဲ့ (၃)ရက်လိုက်နေမယ်လို့ ကတိပေး ထားတယ်မဟုတ်ဘူးလား… ။ အခုမှ (၂)ရက်ပဲ ရှိသေးတာကို…၊” ဖန်းယွင်ကျင့်က သူ့မိခင်၏ လက်ကို ဆွဲကာ ပူဆာလိုက်၏။ 

ဖန်းချွေ့က ဖန်းယွင်ကျင့်၏ မျက်နှာကို ကြင်နာ ဟန်ဖြင့် ပင့်တင်လိုက်ပြီးလျှင် “စာကိုပဲ ကောင်းကောင်းလေ့လာပါ သမီးရယ်။ သမီးအတွက် အမေ ဒီနှစ် ဝက်ပေါက်(၃)ကောင် မွေးထားတယ်။ အမေ ဝက်တွေကို ကြည့်ရဦးမယ်လေ။ ဒီမြို့ထဲက ဝက်သားက စားလို့ အကောင်းဆုံးလို့ သမီးခနခနပြောနေတာ မဟုတ်ဘူးလား… ။ အဲဒီဝက်တွေက သမီးအတွက်ပဲ။ လာမယ့် နှစ်သစ်ကူး ကျရင် သမီးအတွက် စားသောက်ပွဲကြီး ပြင်ပေးမယ်နော်…။"

“အဖေနဲ့ အမေက အကောင်းဆုံးပဲ။ ဟီး ဟီး၊ သမီး အာဘွားပေးမယ်…၊” ဖန်းယန်ကျွင်း က သူ၏ မိဘ များကို နမ်းရန် အတွက် အရှေ့သို့ တိုးလာခဲ့ လိုက်သည်။ “သွားစမ်း၊ ရုပ်ဆိုးကြီးနဲ့ ငါ့ကို လာမနမ်းနဲ့…၊” ဖန်းချွေ့က ခပ်တည်တည် ရယ်လိုက်ကာ တုံ့ပြန်လိုက်ရာ ဖန်းယွင်ကျင့်က စူးခနဲ အော်ဟစ်တော့၏။ “အားယား၊ အမေကလည်း သမီးကို လူကြားထဲမှာ အရှက်ခွဲပြန်ပြီ။ သမီး ဘယ်မှာ ရုပ်ဆိုးလို့လဲ…။ အမေပဲ မွေးထား ပြီးတော့၊ မသိဘူး၊ ဟီးဟီး၊ နမ်းမှာပဲ…၊” ထို့သို့ ပြောပြီးသည်နှင့် ဖန်းယန်ကျွင်းက ဖန်းချင်းဟီကို နမ်းလိုက်၏။

ဗုဒ္ဓစနစ်(၂)Donde viven las historias. Descúbrelo ahora