အပိုင်း(၂၇၉) ဆက်တိုက်ခေါ်နေတဲ့ ဖုန်းသရဲ

202 32 0
                                    

တောင်နက်မြို့တော်တစ်နေရာရှိ ပေါ်ရှေးကားအရောင်းသမမှာ သူ(မ)၏ ဖုန်းကို ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ဂွမ်ခနဲ ချလိုက်၏။ “ဒီအရူးဘုန်းကြီးကတော့ ငါ့ကို လာနောက်နေတာပဲ။”

ပါးစပ်မှ မကျေမနပ် တတွတ်တွတ်ရွတ်​နေသည့်တိုင် သူ(မ)အလျင်လိုသွားကြောင်း သူ(မ)သိပေသည်။ အရေးကြီးသည့်အချက်ကို ဖန်းကျန့်ပြောတော့မည့်အချိန်တွင် သူ(မ )စကားဖြတ်ပြောလိုက်သည်မဟုတ်ပါလား။ ထို့ကြောင့် နားလည်မှုလွဲသွားရခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအရူးဘုန်းကြီးထံ အလိမ်ခံလိုက်ရသည်ဟု သူ(မ)စိတ်ထဲ ခံစားနေရဆဲပင်။

“မဟုတ်ဘူး … ငါဒီလိုအကျောခံနိုင်ဘူး ..။  အဲဒီကောင် ဘယ်သူလည်းဆိုတာ ငါရအောင် ရှာမယ် .. ။ ဟမ့် .. ယွမ်ငါးသောင်းလောက်ကို ဘတ်ခနဲ သုံးနိုင်တယ် ဟုတ်လား … ။ ယွမ်ဆယ်သန်းကျော်သန်တဲ့ ပေါ်ရှေးကားကိုများ စမ်းမောင်းကြည့်မယ်လေလို့တောင် ပြောသွားသေးတယ် ..။ ကောင်းပြီလေ.. စောင့်ကြည့်တာပေါ့။ ငါ နောက်တစ်ခေါက်ကျရင် နင့်ကို မရရအောင် ရောင်းပြဦးမယ် ..။  နင် ငါ့ကို ငြင်းရဲမလား ကြည့်ကြသေးတာပေါ့၊” ရှောင်လုံ စိတ်ထဲမှ ကြုံးဝါးလိုက်၏။ ထိုသူ မည်ကဲ့သို့သော အသွင်ပုံစံရှိ​မည်ကို သူ(မ)သိချင်နေမိဆဲ။

ထိုအချိန်တွင် ဖန်းကျန့်မှာ သလင်းစပါး စိုက်ခင်းထဲသို့ ရောက်နှင့်နေပြီဖြစ်သည်။ ပင်မနှင်းခဲဝါးပင်အောက်တွင် သူထိုင်ချလိုက်၏။ သစ်သားငါးအုံးမောင်းကို သူအချိန်မှီ မယူလာနိုင်သောကြောင့် ငြိမ်သက်စွာ ထိုင်ပြီး တရားစာများကို အေးအေးလူလူ ရွတ်ဖတ်သရဇ္စျာယ်လေ၏။ ပင်မဝါးရုံကား လေယူရာ ယိမ်းနွဲ့လျက်၊ သူမသိလိုက်မီသလင်းစပါးပင်များက စိုက်ခင်းထဲရှိ ရေပြင်ထက်မှ တရစ်ရစ် တိုးထွက်လာကြ၏။ အလွန်တရာပဒါဿရှိလှပေသည်။

ညနက်ပိုင်းတွင် ဖန်းကျန့်သည် အိပ်စက်ရန် ပြင်နေစဉ် သူ့ဖုန်းက မြည်လာပြန်၏။
ဖန်းကျန့်မှာ ရုတ်ချည်းဆိုသလို ဆွံ့အသွားရပြီးလျှင် ဖုန်းကို ပြန်ဖြေလိုက်၏။ “.. ဟိတ် .. ဒီကိုယ်တော်က သားအဖေမဟုတ်ပါဘူးဆိုနေ။”

ဗုဒ္ဓစနစ်(၂)Where stories live. Discover now