အပိုင်း(၂၃၉) လမ်းကို အတူလှည်းကြမယ်

217 42 0
                                    

လီတာဖင်းမှာ စိတ်သက်သာရာရသွား၏။ သူ(မ) ခြစ်ခြစ်ပါအောင် စုဆောင်းထားသမျှ ​ကုန်သွားပြီဖြစ်ရာ ရှေ့လျှောက် မည်ကဲ့သို့ ရပ်တည်ရမည်မသိတော့။ အကယ်၍ ပယောဂ နှင်ပေးရသည့်အတွက် ဘုန်းကြီးမှ အခကြေးငွေတောင်းခံမည်ဆိုပါက သူ(မ)ဒုက္ခတွေ့ရပေလိမ့်မည်။ မြို့ထဲတွင် လူပြောများနေသောကြောင့် လက်တစ်ချောင်း ကျောင်းတော်သို့ သူ(မ)ရောက်လာရခြင်း ဖြစ်သည်။ သို့သော် အဓိကကျသော အကြောင်းပြချက်တစ်ခုက ကျေးလတ်ဘုန်းကြီးကျောင်းဖြစ်သောကြောင့် ငွေကြေးအကုန်အကျသက်သာမည်လောဟူသည့် ရည်ရွယ်ချက်ကြောင့်လည်း ဖြစ်ပေသည်။

ဖန်းကျန့်က သူစကားပြောလိုက်ပြီးသည်နှင့် လီတာဖင်း၏ မလှုပ်မယှက်ဖြစ်သွားသော အမူအရာကို ကြည့်ကာ .. “ဒီကိုယ်တော် လုပ်စရာရှိသေးလို့ သွားလိုက်ပါဦးမယ် ..။ ဒကာမကြီးတို့ အေးအေးသာသာနေကြပါ။”

ဖန်းကျန့်က သူ့နောက်ဖေးဝင်းထဲသို့ ပြန်လာခဲ့လိုက်၏။ သူသာ အပြင်တွင် ဆက်ရှိနေဦးမည်ဆိုပါက လီတာဖင်းအတွက် ငွေလှူရန် အခက်တွေ့ရပေမည်။ သူသက်ပြင်း ချလိုက်ကာ .. “ငါ့မှာလည်း သုံးစရာဆိုလို့ နှစ်ယွမ်ပဲရှိတယ် …။ ငါ ဘာလို့ သနားစရာ ကောင်းနေရတာလဲ။ ငါတကယ်ကို ဆင်းရဲတာပဲ။”

ဖန်းကျန့်၏ မှန်းချက်က မှန်သည်။ သူထွက်သွားသည်နှင့် လီတာဖင်းသည် စိတ်သက်သာရာရဟန်ဖြင့် ပင့်သက် ရှိုက်လိုက်၏။ သူ(မ)အခန်းထက်မှ ထွက်ခွာရန် မပြင်မီ အလှူခံပုံးထဲသို့ ငွေတစ်ယွမ်ကို ထည့်လိုက်၏။ ထို့နောက် တစ်စုံတစ်ရာတွေးမိပြီးနောက် ငွေ ဆယ်ယွမ်ကို ထုတ်ယူလိုက်ပြန်၏။ သူမ တစ်စုံတစ်ရာတွေးရင်း အံတင်းတင်းကြိတ်လျက် အလှူခံပုံးထဲသို့ ထည့်လိုက်ပြီးနောက် လီဟိုပေါင်အားခေါ်၍ ထွက်ခွာသွားလေတော့၏။

လီတာဖင်းထွက်သွားသည့်အချိန်တွင် ဖန်းကျန့် ကျောင်းဝင်းထဲသို့ ပြန်လျှောက်ဝင်လာခဲ့၏။

“အရှင်ဖန်းကျန့် .. ဘာတွေ လိုက်ရှာနေတာလဲ။”

ဖန်းကျန့်ထူးထူးဆန်းဆန်းပြုမူနေသည်ကို မြင်ရသည့်အတွက် ဇူးလင်က စပ်စုလိုဟန်ဖြင့် မေးလိုက်၏။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now