လူကောင်းဖြစ်ရသည့် ခံစားချက်က သူတို့ကို ပို၍ ဘဝင်ခိုက်စေသည်။ အနာဂတ်တွင် ကောင်းမှုကုသိုလ််များ ပို၍ ပြုလုပ်မည်ဟုပင် သူတို့ကျိန်ဆိုလိုက်ကြ၏။ ထိုညီအစ်ကို နှစ်ယောက်သား သူတို့၏ လုပ်ရပ်မှ အမှားများကို ကောင်းစွာ ဆင်ခြင်မိကြ၏။
နောင်အနာဂတ်တွင် သူတို့အနေဖြင့် မြစ်ထဲသို့ သတိလတ်လွတ်ခုန်ချလိမ့်မည် မဟုတ်ပေ။ လူ့အသက်ကယ်ခြင်းက အရေးကြီးသော်လည်း သူတို့ကိုယ်သူတို့ ဘေးကင်းစေရန် သေချာခြင်းက ပို၍ အရေးကြီးသည်။ သို့မဟုတ်ပါက လူ မကယ်နိုင်ဘဲ သူတို့ဘာသာ ဦးစွာ သတ်သေသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ထိုကဲ့သို့ တွေ့ကြုံခံစားပြီးသည့်နောက်တွင် ညီအကို နှစ်ယောက်လုံးမှာ ဖန်းကျန့်က သူတို့ကို မှတ်မိနေခြင်းအား အံ့သြတကြီး မဖြစ်တော့ပေ။
ဟောင်ချင်းရှီ- "အရှင်ဘုရား ဒီကိစ္စကို ထပ်မပြောပါနဲ့တော့။ ဒါက တပည့်တော်တို့အတွက် ဘာမှ မဟုတ်တဲ့ အသေးအမွှားကိစ္စတစ်ခုပါ။ တကယ်ဆိုရင် တပည့်တော်တို့မကယ်ရင်တောင် တခြားကယ်မယ့်သူတွေရှိပါသေးတယ်။ တပည့်တော်တို့ကို လူတွေဝိုင်းဆွဲတင်ပေးလို့ပါ...။"
ဖန်းကျန့်မှာ စိတ်ထဲမှ ခေါင်းညိတ်လိုက်မိ၏။ ထိုညီအစ်ကိုနှစ်ယောက်မှာ ကောင်းမှုများ ပြုထားသော်လည်း နှိမ့်နှိမ့်ချချရှိကြသည်။ ဖန်းကျန့်က ဆက်ပြောလိုက်၏။
"ဒီကိုယ်တော် မနေ့က အိမ်မက်တစ်ခု မက်ပါတယ်။ အိမ်မက်ထဲမှာ သင်္ကန်းဖြူဝတ်ထားတဲ့ ဘုန်းကြီးတစ်ပါးက ဒီကိုယ်တော်ကို ဒကာတော်တို့နှစ်ယောက် ဒီနေ့ ကံကောင်းလိမ့်မည်လို့ အသိပေးလာပါတယ်...။"
"သင်္ကန်းဖြူဝတ်ထားတဲ့ ဘုန်ကြီးလား။ အစ်ကို ရေသရဲများလား...၊" ဟောင်ချင်းရှီက အလိုလို လွှတ်ခနဲ့ ရေရွတ်လိုက်မိ၏။ ဖန်းကျန့်၏ မျက်နှာ မည်းမှောင်သွား၏။ 'ရေသရဲတဲ့လား။ တော်စမ်းပါ။ မင်းကမှ ရေသရဲ၊ မင်းကမှ ရေသ ရဲ...။'
ဖန်းကျန့်မှာ သူ့အတွေးများကို မထုတ်ဖော် ပြဘဲ ထိုအစား နူးညံ့သိမ့်မွေ့စွာ ပြုံးလိုက် လေ၏။ "ဒကာတို့တို့နှစ်ယောက် အချိန်ရမယ် ဆိုရင် အနောက်ဖက်ကို သွားလို့ အန္တာရာယ် မဖြစ်ပါဘူး။ အဲဒါဆိုရင် ကံကောင်းခြင်းတွေနဲ့ တွေ့ရင် တွေ့နိုင်မှာပါ...။"
![](https://img.wattpad.com/cover/363385828-288-k79533.jpg)
ESTÁS LEYENDO
ဗုဒ္ဓစနစ်(၂)
Fantasíaဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...