အမဝမ်က ပုခုံးတွန့်လိုက်၏။ “ငါလည်း ဘယ်လိုလုပ်သိမှာတုန်း… ။ ငါတို့က ကလေးခိုးတယ်။ တခြားလူက ရောင်းတယ်။ စည်းကမ်းအရဆို ဘယ်နေရာမှာ သွားရောင်းသလဲ ဆိုတာတောင် ငါတို့ မေးလို့ မရဘူး…။ မေးမိရင် ငါတို့ နှုတ်ပိတ်ခံရလိမ့်မယ်… ။ ဒါပေမယ့် ငါကြားမိတာတော့ ဒီကလေးတွေကို စီရင်စုတွေ၊ လူအရောက်ပေါက်နည်းတဲ့ တောင်ပေါ်ရွာတွေမှာ သွားရောင်းကြတယ်တဲ့။ သူတို့က ဆင်းရဲတဲ့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ထားကြတယ်…. ။ အဲဒီနေရာမှာ ကလေးတွေကို ပြုစု ပျိုးထောင် ပေးပြီးရင် နောက်ပိုင်းကျရင် သူတို့ကို ပြန်ကူညီပေးမယ်လို့ သူတို့ယုံကြည်ကြတယ်။ သားသမီးမရှိတဲ့ လူတွေက ကလေးတွေကို ဝယ်ကြတယ်တဲ့… ။ ပြီးတော့ အဲဒီကလေးတွေကို သူတို့က မယားငယ်အဖြစ် လျာထားကြတယ်… ။ အဲဒီကလေးတွေ ကြီးလာတဲ့အခါ သူတို့ပေါင်းသင်းကြမှာပေါ့… ။ အဲဒီလိုကလေးတွေကတော့ အရမ်းကံကောင်းတယ်ပြောရမယ်။…”
“အဲဒါကို ကံကောင်းတယ်လို့ ခေါ်တာလား…၊” မှဲ့ရှိသော အမျိုးသမီးက ရေရွတ်လိုက်၏။
“နင်က ဘာအံ့သြနေတာလဲ…။ ဘာပြဿနာရှိလို့လဲ…။ အဲဒီလို မိသားစုမှာ သူတို့ကို ရောင်းစားပစ်တာတောင် ကံကောင်းတယ်လို့ ပြောရမယ်…။ တကယ်လို့ သူတို့ကို ဟိုနေရာမှာသာ သွားရောင်းလိုက်မယ်ဆိုရင် ဟမ့်…” အမဝမ်က ဆက်မပြောတော့ချေ။ သူ(မ )အသေးစိတ်ထပ်ရှင်းပြရန် မလိုတော့ ပြီဟု ဆိုလိုခြင်းဖြစ်သည်။
သူ(မ)၏ အဖော်ဖြစ်သူမှာ အတန်ငယ် ရင်ထိတ်သွား၏။ သူ(မ)၏ ပေါင်ပေါ်တွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် မန်မန်ကို ငုံ့ကြည့်မိသောအခါတွင် သူ(မ)ဆက်လုပ်ချင်စိတ်မရှိတော့ပါချေ။ သို့သော်လည်း ထိုခံစားမူက အလျင်အမြန်ပျောက်ကွယ်သွားခဲ့၏။ ထိုကလေးမကို သူ(မ)သနားမိသည်မှန်သော်လည်း သူ(မ)ကို မည်သူက သနားမည်နည်း။ ငွေရဖို့က သာ၍ အရေးကြီးသည် မဟုတ်ပါလား…။
ထိုအချိန်တွင် သူတို့၏ နောက်မှ ဝံပုလွေအူသံကို သဲ့သဲ့ကြားလိုက်ရ၏။ အမဝမ်က နောက်ကြည့်မှန်ကို လှမ်းကြည့်လိုက် ပြီးနောက် အလန့်တကြား ရေရွတ်လိုက်မိတော့ဒ။ “ဘာကြီးလဲ၊ ဘာလို့ အဲဒီလောက် မြန်နေတာလဲ…။”

BẠN ĐANG ĐỌC
ဗုဒ္ဓစနစ်(၂)
Viễn tưởngဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...