အပိုင်း(၁၉၉) သူက လူလား၊ ဗုဒ္ဓလား

258 36 2
                                    



ဒါရိုက်တာယွီမှာ မျက်မှောင်ကျုံ့လိုက်မိလေ၏။ ကဒ်ဟု ပြောချင်သော်လည်း လီရွှယ်ယင်းနှင့် အခြား သူများမှာ ကောင်းမွန်စွာ သရုပ်ဆောင်နေကြဆဲဖြစ်ကာ သူတို့၏ ဇာတ်ရုပ်အတိုင်း စိတ်ရော ကိုယ်ပါ နှစ်မြှုပ်လျက်ရှိကြ၏။

ထိုကဲ့သို့ မမြင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ ။ ထိုကဲ့သို့သော အခြေအနေမျိုးသည် အလွန် ကျွမ်းကျင်ပိုင်နိုင်သော ရုပ်ရှင်သရုပ်ဆောင်များ သရုပ်ဆောင်နေချိန်တွင် ဖြစ်ပျက်လေ့ရှိသည့် အရာမျိုးပင်လော။ 

ထို့အပြင် ဖြစ်နိုင်ချေနောက်တစ်ချက်မှာ ဝါရင့်ရုပ်ရှင်သရုပ်ဆောင်နှင့် အခြား  လူသစ်များ အတူပူးပေါင်းသရုပ်ဆောင်ကြသည့်အခါမျိုး၌ လူသစ်များမှာ ထိုသရုပ်ဆောင်များအတိုင်း ကောင်းမွန်စွာ စျာန်ဝင်စားနိုင်ကြပေသည်။

ယခုတွင် နောက်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။  လီရွှယ်ယင်းနှင့် အခြားဝါရင့် သရုပ်ဆောင်အချို့သည် လူသစ်များကို သူတို့၏ ဇာတ်ရုပ်အတွင်းသို့ ကောင်းစွာ  ရိုက်သွင်းနိုင်ခဲ့ပေသည်။

ထိုကြောင့်  ဒါရိုက်တာယွီအနေဖြင့် ကဒ်ဟု မအော်နိုင်ခဲ့။ သူတို့ကိုသာ ဆက်လက်သရုပ်ဆောင်စေလျက် သူ့စိတ်ထဲမှ ကျိန်ဆဲလိုက်မိတော့၏။

" ဖန်းကျန့်တစ်ယောက် ဘာတွေလုပ်ဖို့ စဉ်းစားနေတာလဲ။ သင်ထားတဲ့ အတိုင်းပဲ သရုပ်ဆောင်ပါလို့ သူ့ကို ငါမှာထားရက်နဲ့။ ပြီးတော့ လင်တုံးရှီက ဘာလုပ်နေတာလဲ။ သူကရော ဘာဖြစ်လို့ မတားလိုက် တာလဲ။ တကယ်ပါပဲကွာ၊ ငါတော့ လခွမ်းလို ကံဆိုးနေတော့တာပဲ…။"

ဒါရိုက်တာယွီမှာ ကျယ်ကျယ်လောင်လောင် ထုတ်ပြောမိလုမတတ်…။

ထို အချိန်တွင်  ဓားချင်းထိခတ်သံများ အစဥ်လိုက် ကြားလာရ၏။ ထို့အပြင် အုန်းမောင်းခေါက်သံ တတောက်တောက်ကလည်း လူတိုင်း၏ နှလုံးအတွင်းသို့ စိမ့်ဝင်ပဲ့တင်လာလျက်။

ဒါရိုက်တာယွီ၏ ဆဲဆိုလိုစိတ်များမှာ ချက်ချင်း ဆိုသလို ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့၏။ ဖန်းကျန့်၏ မျက်နှာကို သူတွေ့လိုက်ရ သောအခါတွင် ရုတ်ချည်းတွေဝေသွားရ၏။ ကြားဝင်ဟန့်တားရန် ကြံစည်ထားသော်လည်း ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာလွဲမှားနေမှန်း နားလည်သွား။ ထို့ကြောင့် သူရပ်တန့်ရန် သူထွက်လာခဲ့၏။ 

ဗုဒ္ဓစနစ်(၂)Where stories live. Discover now