ဖန်းကျန့်မှာ လက်အုပ်ချီလိုက်ပြီးလျှင်
“ဒီကိုယ်တော်ကတော့ ဒကာမကြီးကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ဒီကိုယ်တော် ဗဟုသုတနည်းပေမယ့် နားထောင်ပေးနိုင်ပါတယ်။”
ဖန်ကျန့်၏ ပထမဦးဆုံး စကားတစ်ဝက်ကို ကြားရသောအခါ လီယွဲ့ရင်၏ ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားလေ၏။ သူ(မ)၏ ပြဿနာကို သူ(မ) ကောင်းစွာ သိသလို တခြားသူများထံမှ အဖြေကိုလည်း မလိုချင်ပေ။
သို့သော်လည်း သူ(မ)ရင်ထဲတွင် သိမ်းဆည်းထားရသည်မှာ မသက်မသာခံစားလာရ၏။ သူ(မ)ယုံကြည်စိတ်ချရသော တစ်ယောက်ယောက်ကို ဖွင့်ပြောချင်သည်။ ဖန်ကျန့်က သူ(မ)ကို သက်တောင့်သက်သာဖြစ်စေသည့်အတွက် ပထမဆုံးအကြိမ်ဆုံဖူးခြင်းဖြစ်သည့်တိုင် သူ(မ) ခင်မင်မိသည်။ ဖန်းကျန့်သည် ယုံကြည်စိတ်ချရသူ ဖြစ်မည်ဟု သူ(မ)ခံစားနေရ၏။ ပို၍ အရေးကြီးသည့်အချက်က ထိုဘုန်းကြီးက သူ(မ)ကို မသိချေ။ ဖန်းကျန့်၏ ဒုတိယမြောက်စကားကို ကြားလိုက်ရသောအခါ ရွှယ်ယင်းမှာ စိတ်သက်ရာရဟန်ဖြင့် သက်ပြင်းချလျက် ပြုံးလိုက်လေတော့၏။
“ကောင်းပြီ ..ဒါဆိုရင်လည်း နားထောင်ပေးပါဦးဘုရား။”
စကားပြောရန် ပြင်လိုက်ချိန်မှာပင် အပြင်ဖက်မှ ကျယ်လောင်သော အသံများကို သူ(မ)ကြားလိုက်ရ၏။ သူ(မ)နာမည်ကို အော်ခေါ်နေကြခြင်း ဖြစ်ပေသည်။
“လီရွှယ်ယင်း..လီရွှယ်ယင်း...”
လီရွှယ်ယင်း ထိတ်ထိတ်ပျာပျာဖြစ်သွား၏။
“ဒကာမ...ကြည့်ရတာ ဒကာမကို တစ်ယောက်ယောက် လာရှာတယ်နဲ့ တူတယ်။”
လီရွှယ်ယင်း သက်ပြင်းချလိုက်မိ၏။
“ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ဒီလောက်နဲ့ပဲ စကားဖြတ်လိုက်တာပေါ့။”
“ကောင်းပြီလေ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် တပည့်တော်မပြောတာတွေကို အခြားလူကို ပြန်မပြောပါနဲ့နော်၊”
လီရွှယ်ယင်းက မေးလိုက်လေတော့၏။
ဖန်းကျန့်က ခေါင်းညိတ်လိုက်ပြီးလျှင်
CZYTASZ
ဗုဒ္ဓစနစ်(၂)
Fantasyဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...