အပိုင်း(၁၈၄) ဂျင်း၊ ဂျင်း၊ ဂျင်း

287 41 0
                                    


“ဒါဆိုရင် ငါ့ကို စျေးအရင်ပြောစမ်းပါ၊" သူ့ထံတွင် ရှိသော ပိုက်ဆံများကို ရေတွက်ကြည့်လိုက်ရာ ယခင်က စုဆောင်းထားသည်များအပါအဝင် စုစုပေါင်း ယွမ်သုံးထောင်ရှိသည်။ နည်းပါးသော ပမာဏတစ်ခုမဟုတ်သည့်တိုင် သူ့အတွက် မလုံလောက်သေး။ သူ၏ အမွှေးတိုင်ဝတ်ပြုပူဇော်ခြင်းက အရှိန်ရလာသည်မှာ မှန်သော်လည်း လူအများစုသည် သာမန်အမွှေးတိုင်ကိုသာ သုံးစွဲလေ့ရှိကြဆဲ။ သူတို့လှုဒါန်းသော ပိုက်ဆံများသည်လည်း ကိန်းဂဏန်းအနည်းငယ်သာ။ သူ့အဖို့ မဖူလုံချေ။

{“တစ်စေ့ကို ငါးယွမ်ပါ .. ၊ ပို့ဆောင်ခနဲ့ လွှဲ​ပြောင်းခက တစ်ကြိမ်ကို ယွမ်တစ်ရာပါ။”}

ယွမ်၂၈၀၀ကို ၅ယွမ်နှင့် စားလိုက်လျှင် စုစုပေါင်း စပါးမျိုး ၅၆၀စေ့ခန့်သာ ရရှိပေမည်။ တစ်စေ့ကို ခုနှစ်ကတ်တီခန့် ထုတ်လုပ်ပေးနိုင်သည်ဆိုပါက သူ့ထံတွင် ကက်တီတစ်သောင်းခန့်ရှိသော ဆန်များ ပိုင်ဆိုင်လပေမည်။ မည်မျှအထိ စျေးသက်သာမှန်း  ဖန်းကျန့်နားလည်သွား၏။

သူက မျှော်လင့်တကြီးလေသံဖြင့် "ငါဝယ်မယ် .. ၊ ငါ့မှာ ရှိတဲ့ ပိုက်ဆံအကုန်ပုံအောပြီး ဝယ်လိုက်မယ် .. ။" ပိုက်ဆံသုံးစွဲရန် သူနှောင့်နှေးနေခြင်းမရှိတော့ပေ။ ထို့အပြင် ပိုက်ဆံအနည်းငယ်မျှက သူ၏ နတ်တန်ခိုးများကို အဆင့်မြှင့်တင်ရန်အတွက်လည်း မလောက်ငှနိုင်။ သူသာ ဆက်သိမ်းထားပါက မည်သည့်အရာကိုမှ သူဝယ်ယူနိုင်တော့မည်မဟုတ်။ ထို့အပြင် တစ်ကြိမ်ဝယ်ယူတိုင်း ပို့ဆောင်ခပေးချေရသည်ဖြစ်ရာ တစ်ကြိမ်တည်းနှင့် များများဝယ်ထားမှ အဆင်ပြေပေလိမ့်မည်။

ဖန်းကျန့်၏ အမြင်ဝေဝါးသွားစဉ် အဝတ်အိတ်တစ်လုံး သူ့ရှေ့သို့ ကျလာ၏။ ထိုအဝတ်အိတ်က မကြီးမား၊ လက်တစ်ဝါးအရွယ်ခန့်သာ ရှိလေသည်။ သူ့လက်ထဲတွင် ဆကြည့်ရာ အတန်ငယ်လေးနင့်သည်ဟု ခံစားမိ၏။ သူဖွင့်ကြည့်လိုက်သောအခါ အဖုံးထဲတွင် သလင်းဆန်မျိုးစေ့များရှိနေသည်ကို သူတွေ့လိုက်ရ၏။ ထို့အပြင် အောက်ခြေ၌လည်း ဘုရားစာများ ရေးထိုးထားသေးသည်။ ဖန်းကျန့်၏ ရင်ခုန်နှုန်းများ မြန်ဆန်လာ၏။

ဗုဒ္ဓစနစ်(၂)Onde histórias criam vida. Descubra agora