အပိုင်း(၂၈၂) အကြောင်းရင်းက ဒီလိုကိုး

227 37 2
                                    

ဝှီးချဲလ်ပေါ်မှ အမျိုးသမီးသည် ၎င်းတို့ အပြန်အလှန်ပြောစကားများကို ကြားရသောအခါ မျက်ရည်များ တသွင်သွင် စီးကျလာလေ၏။ သူ(မ)သည် နောက်သို့ ကြိုးစားလှည့်ကာ ပြတင်းပေါက်ရှိရာသို့ မျှော်ငေးကြည့်လေ၏။ သို့တိုင် မျက်ရည်များက တသွင်သွင်စီးကျနေဆဲ။ သူ(မ)သည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဝှီးချဲလ်လက်ကိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

သူ(မ) စိတ်ရှိလက်ရှိ ငိုယိုအော်ဟစ်ပစ်ချင်သော်လည်း ထိုသို့ မလုပ်နိုင်ပေ။ မိခင်တစ်ယောက်အနေဖြင့် သူ(မ)၏ အားနည်းချက်ကို သားရှေ့တွင် လှစ်ဟဖော်ထုတ်၍ မည်သို့မျှ မဖြစ်ကြောင်း သူ(မ)သိပါသည်။ သူ(မ)၏ အားနည်းချက်ကို အများသူငှာရှေ့ တစ်ခါသော်မျှ ထုတ်မပြခဲ့ဖူး။ သူ(မ)၏ အားနည်းချက်ကို ထုတ်ပြလိုက်ပါက သူ(မ) ဒူးထောက်အရှုံးပေးလိုက်သည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။  နောက်တစ်ကြိမ် ပြန်ထဖို့ရန် ဘယ်သောအခါမျှ သတ္တိရှိလာလိမ့်မည် မဟုတ်တော့။

ဖန်းကျန့်မှာ ကလေးငယ်၏ စကားကို ကြားလိုက်ရသောအခါ နင့်ခနဲ ခံစားလိုက်ရ၏။ သူငယ်စဉ်အခါကလည်း ထိုနည်းအတူပင်။ သူသည် ဘုန်းကြီးတစ်ပါးဖြစ်သည့်အပြင် လက်တစ်ချောင်းကျောင်းတော်သည်လည်း ဆင်းရဲနွမ်းပါးလှပေသည်။ ဖန်းကျန့်အဖို့ အသားစားခွင့်ရရန် အခွင့်အရေးဟူ၍ မရှိခဲ့ချေ။

တစ်ခါတုန်းက သူအပြင်းဖျားဖူးသည်။ ထိုစဉ်က သူသည် ထန်ချီကော်၏ အိမ်တွင် နေထိုင်လျက်ရှိပြီး ၎င်းက သူ့ကို အသားခိုးကျွေးခဲ့ဖူးသည်။ ထိုစဉ်က စားခဲ့ဖူးသော အသား၏ အနံ့အရသာကို သူအမှတ်ရမိနေဆဲ။ နောက်ပိုင်းတွင် လက်တစ်ချောင်း ကျောင်းတော်သို့ ရောက်လာခဲ့ရာ အသားမစားရသောကြောင့် သူအလိုမကျ ဖြစ်ခဲ့ရသည်။ ဆရာတော်အား ပူဆာကြည့်ရာ ပြင်းပြင်းထန်ထန် အရိုက်ခံရသည်သာ အဖတ်တင်သည်။ သို့သော် သူ့ကို ရိုက်နှက်ပြီး မကြာမီ အချိန်တွင် လက်တစ်ချောင်း ဆရာတော်ကြီးသည် ကျောင်းနောက်ရှိ မြေကွက်လပ်၌ တိတ်တဆိတ် ငိုရှိုက်နေခဲ့သည်ကို သူတွေ့ခဲ့ရသည်။ ထိုအချိန်မှစ၍ ဖန်းကျန့်သည် မည်သည့်အခါမျှ အသားကျွေးရန် မတောင်းဆိုတော့ပေ။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now