『Unicode』
မြို့တော် A ရှိ အားကစားရုံကို မကြာသေးခင်က ပြန်လည်ပြင်ဆင်မွန်းမံခဲ့သည်။ အားကစားရုံကို အများသုံး အခမဲ့ဖွင့်လှစ်လိုက်သည်နှင့် လူအများက ကွင်းအတွက် အပြေးပြိုင်ဆိုင်ကြတော့၏။ ဘတ်စကတ်ဘောကွင်းသည် ရေပန်းစားသော နေရာတစ်ခုပေမို့ အကြို ချိန်းဆိုထားရန်လိုအပ်သည်ထင်။ ပြုပြင်ရာ၌ အချိန်အတော်ကြာ ဆိုင်းငံခဲ့သဖြင့် ချိန်းရက်က သုံးလကြာမှ ဖြစ်၏။
လီယန် ဤနေရာမှာ ကြည့်နေခဲ့တာကြာပေပြီ။ ဘတ်စကတ်ဘောကစားနေသည့် ကောင်လေးများကြား၌ မျက်နှာသစ်လေးတစ်ယောက် ပါလာ၏။ ယခုမှ ဝင်လာသော အသစ်ကလေးဖြစ်မည်ထင်။ အနှီ ဘတ်စကက်ဘောအသင်းသည် C တက္ကသိုလ်၏ ဘတ်စကက်ဘောအသင်းဖြစ်ပြီး မြို့နယ်ကျောင်းပြိုင်ပွဲ ချန်ပီယံဆုများ အကြိမ်ကြိမ်ရရှိထားကာ အနိုင်ရရန်ခက်လှ၏။
ထို့အပြင် ယခုမှ ဝင်လာသော အဖွဲ့ဝင်အသစ်ကစားပုံကလဲ ကြမ်းလှသည်။ ပြီးခါနီးလောက်၌ သူဟာ ပြိုင်ဘက်ကို ၃မှတ်သွင်းယူခွင့်ပေးခဲ့ပြီး ပြိုင်ဘက်အား တစ်မှတ်မှမရသည့် အရှက်ကွဲမှုမျိုး ခံစားခွင့်မပေးခဲ့ပေ။
Sneakerများ ကြမ်းပြင်ကို ပွတ်တိုက်သည့်အသံနှင့် ဘတ်စကတ်ဘောက ကြမ်းပြင်ကိုထိသံ ၊ ဘတ်စကတ်ဘောရိုက်သံတို့က ရောထွေးနေလျက်။
ပြီးဆုံးသွားသောအခါ Bတက္ကသိုလ်၏ ဘတ်စကက်ဘောအဖွဲ့ဝင်ကစားသမားတိုင် ချွေးတရွှဲရွှဲဖြစ်နေခဲ့ပြီး ချွေးစက်များက သစ်သားကြမ်းပြင်ပေါ်ကတွင် စီးကြောင်းလိုက် ရောနှောကုန်သည်။
ဤနေရာရှိ ဟောဟဲလိုက်နေသော ကစားသမားများနှင့် မတူစွာ C တက္ကသိုလ် ဘက်ခြမ်းရှိ ကစားသမားများမှာတော့ နဖူးတွင် ချွေးစို့ရုံသာရှိ၏။ ကစားသမားအများဟုက စကားပြောရင်း ရယ်မောနေကြကာ အချင်းချင်း ရေသန့်ဘူးများ ပစ်ပေါက်နေသေးသည်။
တစ်ဖက်တွင်တော့ Bတက္ကသိုလ်၏ ဘတ်စကက်ဘောအသင်းသားအားလုံးမှာ တစ်ယောက်ကိုတစ်ယောက် စိမ်းသက်သည့်အကြည့်များနှင့် ဒေါသထွက်ရန် စိုင်းပြင်းနေကြ၏။အချို့က ချမ်းသာသောမိသားစုမှ ကလေးများစွာပါဝင်နေသောကြောင့် C တက္ကသိုလ်ဘတ်စကက်ဘောအသင်းက ပါဝါကြီးတာဖြစ်ကြောင်း ပြောကြသည်။ တချို့ဘတ်စကက်ဘောအသင်းများသည် အားနည်းသူကို အနိုင်ကျင့်၍ အားကြီးသူများကို ကြောက်ရွံ့သည်ဖြစ်ရာ ပွဲကို တမင်တကာလွှတ်ပေးတတ်သည်။သို့သော် တချို့အသင်းများက ထိုသို့ပြုမူတတ်လောက်သည့်တိုင် Cတက္ကသိုလ် ဘတ်စကက်ဘောအသင်း၏ အင်အားကလဲ ကောင်းမွန်ကြောင်း ချင့်ချိန်တတ်သည့် မျက်လုံးရှိသူတိုင်း မြင်နိုင်ပါ၏။