『Unicode』
အိမ်တော်ထိန်း အလုပ်ထုတ်ခံလိုက်ရသည်။
သူသည် လုမိသားစု၏ အိမ်ဟောင်းမှ လျှပ်စစ်ဆိုင်ကယ် စီးထွက်လာလျှင် တစ်လျားစာမျှ အကွာအဝေးဖြင့်ပင် လုလျန်နင်၏ ကားက တားမြစ်လာခဲ့သည်။
လုလျန်နင်က သူ့ကို ကားထဲဝင်ဖို့ပြောလာပြီး သူ့လူများကို အိမ်တော်ထိန်း၏ လျှပ်စစ်ဆိုင်ကယ်အား လုအိမ်ပြန်ပို့ဖို့ပြောလိုက်သည်။
အိမ်တော်ထိန်း ကားထဲမှာထိုင်လိုက်လျှင် လုလျန်နင်က သူ့ကို စာအိတ်နီတစ်အိတ်ပေး၏။
အိမ်တော်ထိန်းသည် နှစ်မကုန်မီ နှစ်ဆုံးဘောက်ဆူးကို မငြင်းဆန်နိုင်။ သူသည် သူ့အိတ်ထောင်က သေးလွန်းသည်ဟု ဆိုကာ လုလျန်နင်အား ငွေကို တိုက်ရိုက်လွှဲခိုင်းလေ၏။
လီယန်နှင့် လုကျယ်ရွေ့တို့ စားပွဲမှာထိုင်နေကြ၏။ လီယန်သည် ခဏမျှ တွေးပြီး မျက်လုံးက လုကျယ်ရွေ့ယူလာသည့် ငွေအိတ်ပေါ် ရောက်လာသည်။ ကလေးတစ်ယောက်မှာ ဘယ်လိုလုပ် ဒီလောက်ငွေသားတွေ အများကြီးရှိနေရတာလဲ။ လုလျန်နင်က သူ့ကို ယူသွားခိုင်းတာလား ?
လီယန် ထိုသို့ တွေးလိုက်ပြီး မေး၏ " မင်းအဖေက မင်းကို ပိုက်ဆံတွေယူသွားခိုင်းတာလား။ "
လုကျယ်ရွေ့မှာ လီယန်၏မရွှင်ပျသောမျက်နှာကို မြင်လျှင် အမြန်ခေါင်းညိတ်ပြလိုက်သည်။ လီယန့်ကို မပျော်စေသောလက်ဆောင်အား သူမပေးနိုင်ပါ။
လုလျန်နင်က လုကျယ်ရွေ့ကို ဒုက္ခပေးတယ်ထင်လို့ ၊ ကလေးကို ငွေတပြုံကြီး ယူသွားဖို့ပြောသည်။ ဒါက ကလေးအထောက်အပံ့လား ?
သူဘာလို့ ထိုအချိန်က လုကျယ်ရွေ့အား သည်ကို မပို့ခဲ့သလဲ ? တစ်ယောက်ယောက်နှင့်များ ထပ်ပြီး လက်ထပ်တော့မှာမို့လား ? လုကျယ်ရွေ့က ဝန်ထုပ်ဝန်ပိုးဟု တွေးနေခဲ့တာလား.....
လုကျယ်ရွေ့သည် လီယန့်နေရာမှာ ဗိုက်ပြည့်သည်အထိ စားသောက်သည်။ သည်ရက်တွေ၌ သူဟာ လီယန့်ကို မျိုးစုံသောနည်းဖြင့် သူ့အတွက် ဟင်းချက်ပေးဖို့ အပူကပ်ရာ လီယန်က ပေါက်စီများကို ယုန်ပုံစံလေးတွေ ပေါင်းပေးခဲ့၏။ စားသောက်အပြီး လုကျယ်ရွေ့မှာ နောက်ဆုံးတစ်ခုကို စားရမှာ ဝန်လေးနေကာ အိမ်နီးချင်းများဖြစ်သည့် နျိုနျိုနှင့် အားနျိုတို့ကို ကြွားဖို့ ယူသွားလေသည်။