『Unicode』
" အဖေ ! ဘာဖြစ်တာလဲ ? ထပါဦး ! " လီယန်က ကြမ်းပြင်တွင် ဘေးတိုက်လဲနေသော လောင်ယွဲ့ထံအပြေးသွားလိုက်သည်။သူ အော်လိုက်သည်နှင့် သူ့အရှေ့ရှိ Porscheကား အနက်ထဲမှ လူတစ်ယောက်ထွက်လာ၏။
ရှိလှမှ ၁၈၊၁၉ ဝန်းကျင်ခန့်ဖြစ်ပြီး အသားအရေဖြူဖွေးကာ လှပသည့် အမျိုးသမီးOmegaတစ်ယောက်က ဆင်းလာကာကားအရှေ့မှ အခြေအနေကိုမြင်သွားလေသည်။ သူမ မျက်ခုံးတွေအနည်းငယ် ကြုံ့သွား၏။ အလှလေးက လှပသည့်အပြင် အသံကလဲ ချိုသေးသည်။ သူမ စိတ်မရှည်ချိန်မှာပင် လေသံက အလိုလိုက်ခံရသော ကလေးငယ်သဖွယ်ပင်။ " အစ်ကို ! နင်ဘာလို့ အမြန်ဆင်းမလာသေးတာလဲ ? နင် လူတိုက်လိုက်တယ် ! "
တုလင်က အနောက်ခုံမှ ထွက်လာပြီး အရင်ပြောလေသည် : " ငါမင်းကို မမောင်းဖို့ပြောပါတယ်။ ဒါပေမဲ့ မင်းကိုကလက်တည့်စမ်းချင်နေတာ "
တုလင် ဆင်းလာလိုက်ရာ ယင်းက အားကစားရုံ၏ ပုံမှန်ဧည့်သည်ဖြစ်နေမှန်းတွေ့လိုက်ရသည်။ သူ မြေပြင်က လောင်ယွဲ့ကို ပြန်ကြည့်လိုက်၏။ သူက မျက်လုံးပွင့်တစ်ဝက်ဖြင့် ညည်းညူနေလေသည်။ သူက ကားနှင့် ဝေးကွာနေဆဲဖြစ်သည်မို့ထိုမျှလောက် အကွာအဝေးမှ လူကြီးတစ်ယောက်ကို တိုက်ဖို့ဆိုသည်ကား မဖြစ်နိုင်ပေ။ ဤသည်မှာ အလိမ်ခံရခြင်းသာဖြစ်ဖို့များ၏။
လီယန့်ခြေထောက်ပေါ်တွင် ခေါင်းတင်ထားသော လောင်ယွဲ့က လီယန့်အား အကြည့်တစ်ချက်ပေး၏။ လီယန်ကမော့ကြည့်လိုက်ပြီး : " မင်းတို့ ကားကိုဘယ်လိုမောင်းနေတာလဲ ? မင်းတို့ ငါ့အဖေကို တိုက်လိုက်တာကို ကြည့်ဦး... "
သူ ပြောနေရင်းမှ လီယန်ဟာ တုလင်ဖြစ်နေတာကို မှတ်မိလိုက်သည်။ ဤတစ်ကြိမ်တော့ လောင်ယွဲ့အမှားလုပ်မိပြီဟု သူတွေးလိုက်၏။ သူ ကားကို တစ်ချက်ပြန်ကြည့်သည်။ ကားထဲ၌ ထိုင်နေသည့်လူလဲရှိရာ တစ်နေရာသို့ သွားရန် အလျင်လိုနေသည်မျိုးဖြစ်မည်ထင်။ ယုတ္တိရှိရှိပဲ အားလုံး၏ အဖိုးတန်အချိန်တွေကို ချွေတာရန် သူတို့ ပိုက်ဆံပစ်ပေးလိမ့်မည်ပင်။
စိတ်ထဲမှ တွေးရင်း လီယန်ဆက်ပြောလိုက်သည် : " မင်းတို့ ငါ့အဖေကို စစ်ဆေးချက်အစုံလုပ်ဖို့ ဆေးရုံခေါ်သွားပေးရမယ်။ သူ အခု မတ်တပ်တောင်မရပ်နိုင်တော့ဘူး။ တစ်ခုခုဖြစ်လာမယ်ဆို ငါတို့ အချိန်ဆွဲမနေနိူင်ဘူး "