『Unicode』
ယနေ့ည၌ နောက်ကျနေပြီဖြစ်ပြီး လုလျန်နင်လဲ ဗိုက်ဆာနေသည်မို့ ကားထဲမှာသာ ထိုင်ကာ ချန်မြောင်လုပ်ပေးထားသောအစားအသောက်များကို စားလိုက်သည်။
ချန်မြောင် ကားထဲမှာ ထိုင်နေခဲ့သည်။ သူတို့၏ကားမီးရောင်တစ်ခုတည်းကသာ အရှေ့ရှိ ကျယ်ပြောလှသော နှင်းထုကိုအလင်းရောင်ကျနေသည်မှ အပ ပတ်ပတ်လည်တစ်ခွင် မှောင်မည်းလို့နေ၏။ ကောင်းကင်မှ နှင်းပွင့်များဟာ ယခင်ကထက် ပိုကြီးလာဟန် တူသည်။
အလွန်တိတ်ဆိတ်နေခဲ့ပြီး ကားထဲတွင် အစားအသောက်နံ့များသာ ပျံ့လွင့်နေခဲ့သည်။ အပူပေးစက်ကို မြှင့်ထားသည်မို့ လုလျန်နင်မှာ မွန်းကျပ်သလို ခံစားလာရကာ ကားပြတင်းပေါက်ကို နှိမ့်ဖွင့်လိုက်သည်။
ချန်မြောင်မှာ ယာဉ်မောင်းထိုင်ခုံတွင်ထိုင်နေပြီး ကားရှေ့ပြတင်းဆီမှ လေကာမှန် ပွတ်နေသည့်အသံတွေကိုကြားနေရ၏။နှင်းအလွှာပါးတစ်ထပ်ကို သုတ်ပြီးလျှင် အလွှာအသစ်က မြန်မြန်ပင် ဖုံးလွှမ်းလာသည်။
လုလျန်နင် စားသောက်ပြီးကာနီးအချိန်၌ ချန်မြောင်ဟာ အပူခံဘူးကို ထုပ်ပိုးလိုက်ပြီး လုလျန်နင်ကို အိမ်သို့ မောင်းပို့ပေးခဲ့သည်။
ချန်မြောင်သည် ကားကို အရှိန်အဟုန်ဖြင့် မောင်းနှင်နေသည်။လမ်းပေါ်ရှိ နှင်းများက ထူသည်ထက်ထူလာခဲ့ရာ နောက်ဆုံးလုလျန်နင် ကားပြတင်းကို ပိတ်လိုက်သည်။
သူ အိမ်ပြန်ရောက်သောအခါ မနက်ခင်း၁ နာရီ ထိုးတော့မည်ပင်။ လုလျန်နင်က အိမ်ရောက်လျှင် ဖိနပ်လဲ၍ အတွင်းဝင်သွားပြီး ရေနွေးတစ်ခွက် သွားထည့်လိုက်သည်။ သူ ပြန်လာသောအခါ ချန်မြောင်က ဧည့်ခန်းထဲ၌ ရပ်နေလျက်ရှိသည်ကိုတွေ့လိုက်၏။
သူ မျက်ခုံးပင့်လိုက်ပြီး : " တစ်ခုခုရှိလို့လား ? "
ချန်မြောင်သည် ခဏမျှ တွန့်ဆုတ်နေပြီးမှ ဆိုခဲ့သည် : " အစ်ကိုလု ငါ တစ်ညလောက်တော့ ဒီမှာ ဆိုဖာပေါ် အိပ်လို့ရမလား ? အပြင်မှာ နှင်းအရမ်းသည်းနေလို့ပါ။ ငါ မင်းကို မနက်စာလုပ်ပေးရဦးမှာဆိုတော့ အရမ်းနောက်ကျနေပြီမို့... "