『Unicode』
" ဒီလောက် နောက်ကျနေပြီကို ဘယ်သွားမလို့လဲ။" လုလျန်နင်၏ မျက်လုံးများက အေးစက်နေပြီး ပြုံးနေသော်ငြား ပြုံးဟန်မပေါ်ပါ။
လင်းရှန်းကလဲ အနှီ ပျက်လုံးဆန်ဆန်စကားများကို နှာမှုတ်သရော်လိုက်ပြီး ပြောင်ပြောင်တင်းတင်းသာ ဆိုသည်။ " ၇နာရီခွဲ ဘယ်လောက်နောက်ကျလို့လဲ။ လူကြီးမင်းလုရဲ့ စေ့စပ်ပွဲအခမ်းအနား အဆုံးသတ်တဲ့အထိ နောက်ကျလို့လား။ "
လုလျန်နင်၏ မျက်နှာမှ ရက်စက်သည့် အပြုံးယဲ့ယဲ့ဟာ ပကတိ ပျောက်ကွယ်သွားခဲ့လေသည်။ သူက စကားအချို့ကိုရေရွတ်လာ၏ : " မဆင်မခြင်နိုင်လိုက်တာ "
သူသည် လက်ရှိအနေအထားကြောင့် ကြောက်ရွံ့နေဟန်ရသော လီယန့်ကို လှမ်းဆွဲလိုက်ကာ ဩရှသည့်အသံနှင့်ဆိုသည်။" မင်းအရင်ဆင်းခဲ့ ! "
လီယန်မှာ လုလျန်နင့်ထံမှ ပြင်းပြင်းဆွဲခံလိုက်ရပြီးနောက် သူ့ခန္ဓာကိုယ်တစ်ဝက် မတ်တော့မည်အပြု ၊ လင်းရှန်းကအခြားလက်ကောက်ဝတ်မှ လှမ်းဆွဲလိုက်ပြန်သည်။
ကော်ပျစ်ပျစ်နှင့် မံလိုက်သလို လေထုမှာ ချက်ချင်း တောင့်သွားပြီး လီယန်သည်လည်း ထိုအခိုက်၌ အသက်ရှုရခက်လာခဲ့သည်။
လင်းရှန်းသည် သူ့အား သေအောင်ထိုးသတ်ချင်နေပုံရသည့် လုလျန်နင်၏ အကြည့်ကို အားမလျော့စွာပြန်ကြည့်ပေးလိုက်သည်။သူသည်လည်း နှုတ်ခမ်းတွေတွန့်ကွေးလျက် လုလျန်နင်ကို ပြောသည် : " ပိုက်ဆံလေးနည်းနည်းပဲ အကြွေးတင်နေတာမလား။ ကျုပ် အရင်းရော အတိုးပါ အပါအဝင် ယွမ် ၁၀ သန်း ပြန်ပေးလိုက်မယ်။ " သူက မလုံလောက်သေးသည့်အလား ဆက်ပြော၏။ " လူကို ဒီလိုမျိူး နေ့တိုင်းနှိပ်စက်နေဖို့ လိုလို့လား ၊ အလုပ်ပေးမလုပ်ဘူး ၊ သူငယ်ချင်း ပေးမလုပ်ဘူး ၊ အိမ်မှာ တီဗွီပေးမကြည့်ဘူး.... "
" သောက်ကျိုးနည်းမှမင်းကိစ္စမပါဘူး ! မင်းကိုယ်မင်း ဘာထင်နေလဲ ? ! "
လုလျန်နင်သည် ရည်မွန်ဟန်ဆောင်ထားသည့် အလွှာကို ပကတိ ဆုတ်ဖြဲလိုက်လေသည်။ သူက လီယန့်ကို ဆွဲထုတ်၍ဒေါသတကြီးဆိုသည် : " တကယ့်ကို သူငယ်ချင်းအရင်းပေါ့။ သူ့ကို အကုန်ပြောပြထားတယ်! "