『Unicode』
လီယန်သည် အထူးကြပ်မတ်ကုသဆောင်တွင် သုံးရက်လှဲနေခဲ့ရပြီိး လေးရက်မြောက်နေ့တွင် လူနာဆောင်သို့ ရွှေ့ပြောင်းခံလိုက်ရသည်။ ခွဲစိတ်နေစဉ်အတွင်း သွေးအလွန်အကျွံဆုံးရှုံးမှုကြောင့် သတိလစ်နေခဲ့သည်။
လူနာဆောင်သို့ ပြောင်းရွှေ့ပြီးချိန်တွင် ညဘက်၌ သူနိူးလာခဲ့သည်။ မျက်တောင်များ နှစ်ချက်မျှ သိမ့်ခနဲ့တုန်သွားပြီးနောက် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သို့သော် သူ၏ စိတ်အခြေအနေက အလွန်ဆိုးရွားနေဆဲ။
အရိုးပေါ်အောင် ပိန်လှီနေသော သူ၏ လက်ကောက်ဝတ်ရှေ့၌ ဆေးရည်အပ်က လက်ခုံပေါ်ရှိ သွေးကြောထဲမှာ စိုက်သွင်းထား၏။
သူ အသိစိတ်ပြန်ဝင်လာသည်နှင့် ခွဲစိတ်အပြီး နာကျင်မှုလည်း ရောက်လို့လာသည်။ လီယန်သည် အမှုန်အမွှားကင်းစင်သည့် အဖြူရောင်မျက်နှာကျက်ကိုကြည့်ရင်း ပထမ၌ သူ ဘယ်မှာလဲဆိုသည်ကို မမှတ်မိပေ။ သူ အိပ်မက်ဆိုးမှ မနိူးသေး၊ လုလျန်နင်က အနှီတိတ်ဆိတ်၍ ဗလာကျင်းနေသော အခန်းထဲသို့ ပြန်ပိတ်ထားခဲ့သည်ဟု ထင်နေခဲ့၏။
ရုတ်တရက် သူ မျက်လုံးကျယ်သွားပြီးရုန်းလိုက်လျှင် ဗိုက်မှ ပြင်းထန်လှသည့်နာကျင်မှုနှင့် မိတ်ဆက်လိုက်ရ၏။
ယခုမှ နိုးကာစဖြစ်၍ သူ့ခန္ဓာကိုယ်မှာ လွန်စွာ အားနည်းနေသေးကာ သူလုပ်လိုက်သည့် လှုပ်ရှားမှူမှာလည်း လွန်စွာ သေးနုတ်သည်။ သို့သော် သူ့ကုတင်ဘေးတွင် အိပ်နေသော လုလျန်နင်ကို နိူးသွားစေဖို့ လုံလောက်၏။
သူနိူးလာသည်ကိုမြင်လျှင် လုလျန်နင်က ချက်ချင်း ထရပ်လိုက်သည်။ လုလျန်နင်သည် ယခုမှ နိူးလာကာစဖြစ်၍ထင် ၊သူ့မျက်နှာမှ အမူအရာကို ဖုံးကွယ်နိုင်ချိန်မရှိလိုက်ပါချေ။
" လီယန် မင်းအခု ဘယ်လိုနေသေးလဲ။ " လုလျန်နင်က အနည်းငယ်ကိုင်း၍ သူ့ကိုမေးသည် : " တစ်နေရာရာ မသက်သာတာမျိူးရှိလား ? ငါ ပြောတာကိုကြားရလား "
လီယန်၏ မျက်လုံးက လှည့်ကာ လုလျန်နင့်ထံ အကြည့်ရောက်သည်။