『Unicode 』
လုလျန်နင် အိပ်ခန်းတံခါးမှ ဝင်လာသောအခါ လီယန်တစ်ယောက် ကြမ်းပြင်မှာထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အိပ်ရာဘေးဗီရို၏၏ အောက်ဆုံးအံဆွဲကို ဖွင့်ကာ ဖုန်းအနက်လေးကို ထုတ်လိုက်၏။
လီယန် ထုတ်လိုက်ပြီးနောက် ဖုန်းလေးကိုကိုင်လျက် မရှိနေသော ဖုန်များကို မှုတ်လိုက်ပြီး အားသွင်းကြိုးရှာကာ အားသွင်းလိုက်သည်။
စခရင်ပေါ်တွင် အားသွင်းနေသည် iconပေါ်လာတာ မြင်မှ သူက စိတ်အေးသွားပုံရကာ အိပ်ရာဘေးက ဗီရိုမှာတင်လိုက်သည်။
ယင်းသည် လုလျန်နင်သူ့ကို ပထမဆုံး အပြင်ထွက်ခွင့်ပေးချိန်က ပေးခဲ့သော ဖုန်းပင်။ contactအဖြစ်လည်း လုလျန်နင်တစ်ယောက်သာရှိ၏။
လီယန်သည် ဖုန်းကို သူနှင့်ယူသွားတတ်သော်လည်း ထိုကာလအတွင်း၌ သူ့ဦးနှောက်ဟာ ကောင်းကောင်းအလုပ်မလုပ်ခဲ့ပေ။ သူဟာ ကြိမ်ဖန်များစွာ အပြင်ထွက်ပြီး သတ်မှတ်ကာလအချိန်သို့ ရောက်သွားတတ်၏။ သူ ပြန်လမ်းကို မမှတ်မိတော့ပေ၊ သူဟာ အိမ်အနီးအနားတစ်ဝိုက် လှည့်ပတ်သွားပြီိး ပြန်ဖို့ အလောတကြီးဖြစ်လာသောအခါ အချို့ နားမလည်နိုင်သော ကြင်နာတတ်သည့် လူများက လာပြီး သူ့ကို လမ်းပြပေးကြ၏။
နောက်ပိုင်းတွင်တော့ သူဟာ အခြားနေရာများကို ပိုမို သွားဖို့ကြိုးစားလာပြီး အချိန်ကိုက် ပေါ်လာသည့် ထူးထူးခြားခြားကြင်နာတတ်သူများက အမြဲရှိနေခဲ့သည်။
သို့နှင့် သူ လမ်းကို ကျွမ်းလာသောအချိန်တွင် သူ ဤဖုန်းကို ထပ်မသုံးဖြစ်တော့ပါချေ။
မည်သို့ဖြစ်စေ ဤမြို့၌ သူ့ဆက်သွယ်ရမည့်သူလဲ မည်သူမှ မရှိ။
လီယန်၏ pajamasက လုလျန်နင့်ဟာနှင့် အရောင်တူပဲဖြစ်ကာ သက်တောင့်သက်သာဖြစ်သော ဂွမ်းသားအနုနှင့် ချုပ်လုပ်ထားသည်။ ဘောင်းဘီက ပျော့၍ ချွတ်ရလွယ်သည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် လုလျန်နင့််ဟာနှင့် စုံတွဲဝတ်စုံအလားထင်ရသည်။