Chapter - 79

1.5K 330 40
                                    

『Unicode』



ကားနှစ်စင်း တိုက်လုတိုက်ခင်အချိန်မှ အနက်ရောင် Bentleyက ကားခေါင်းကို ရုတ်တရက် လှည့်လိုက်ရာ တာယာဘီးများက မြေကြီးနှင့် ပွတ်တိုက်သွား​၏။ ချန်ယွိကား​၏ အရှိန်က ကျမသွားပဲ ၊ကားနှစ်စီးသည် တစ်စက္ကန့်သော်မျှအတွင်းအချင်းချင်းဖြတ်သန်းသွားကာ စူးရှလှသည့် ပွတ်ဆွဲသံတစ်ခုထွက်ပေါ်လာခဲ့သည်။

ဖြတ်သွားပြီးနောက် ချန်ယွိမှာ သက်ပြင်းတစ်ချက်ချလိုက်မိသော်လည်း သူ့သတိကို လျှော့မချဝံ့သေး။ သူ မတ်မတ်ထိုင်လိုက်​၏။ သူဟာ ကားမောင်းလေ့မောင်းထမရှိသဖြင့် ယနေ့အတွေ့အကြုံက သူ့အတွက် ကန့်သတ်ချက်ဖြစ်နေပေပြီ။

ရုတ်တရက် သူ့မျက်လုံးထောင့်မှ လီယန့်​၏ မျက်နှာက အလွန်တရာဆိုးရွားလာသည်ကို တွေ့လိုက်ရသည်။ မျက်ခုံးများကတင်းတင်းကျုံ့လာပြီး နဖူးမှာ ချွေးအပြည့်နှင့်ဖြစ်ကာ အသက်ရှုသံများလည်း မူမမှန်တော့ပေ။

" အစ်ကိုရှောင်ယန် ? " ချန်ယွိမှာ စိတ်မထွေပြားဝံ့။ အရှေ့ကို ကြည့်ရင်းဖြင့် သူ အလန့်တကြားမေးလိုက်သည် : " ဘာဖြစ်လို့လဲ ? ဘယ်နေရာက နေလို့မကောင်းလို့လဲ ? "

သူ လီယန့် ဗိုက်ကို ပြန်ကြည့်လိုက်ပြီး မကောင်းသည့်ခံစားချက်ကြီးရလာသည် : " အစ်ကိုရှောင်ယန် ! မင်း မွေးတော့မှာလား ? "

ချန်ယွိလက်ဖဝါးတွေ ချွေးပြန်လာ​၏။ နောက်ကြည့်မှန်မှတဆင့် အနောက်ဖက်ရှိ ကားက နီးကပ်စွာလိုက်ပါနေကာ လက်မလျှော့သွားကြောင်း သူ မြင်နေရသည်။

ဘယ်လိုလုပ်ရမလဲ ! ? တကယ်ပဲ ဘယ်လိုလုပ်ရမလဲ ? အခု ကားရပ်လိုက်ရမလား ? အစ်ကိုရှောင်ယန်ကို အဲ့ဒီ ပြန်သွားခိုင်းရမှာလား ​?

ဟင့်အင်း ၊ ဒါက လုံးဝ မဖြစ်နိုင်...

ချန်ယွိ စိတ်ရှုပ်ထွေးနေသည့်တိုင် အရှိန်မြှင့်မောင်းနှင်နေဆဲ။ရုတ်တရက် Land Rover တစ်စီးက ပြေးဝင်လာခဲ့​၏။

ချန်ယွိ မျက်ဆံတွေသိမ့်ခနဲ့ဖြစ်သွားရသည်။သူ ဘရိတ်ကို အမြန်ဆုံးနည်းနှင့် နင်းလိုက်ပြီး စီတီယာရင်ဘီးကို ကွေ့ရှောင်လိုက်သော်ငြား ကားနှစ်စီးက တိုက်မိသွား​သေး​၏။ ကားရှေ့ကို ပြင်းထန်စွာ ထိခိုက်သွားသော်လည်း ကံအားလျော်စွာဘယ်ဘက်ခြမ်းက ပိုပြီး ခံနိုင်ရည်ရှိခဲ့​သည်။ ချန်ယွိမှာ ခေါင်းဆောင့်မိသွား၍ အမြင်အာရုံအနည်းငယ် ဝေဝါးသွား​၏။ သူအရင်ဆုံး လီယန်ကို ကြည့်လိုက်သော်ငြား ခပ်ဝါးဝါး သွေးရောင်များကိုသာ မြင်လိုက်ရလေသည်။

အမှောင်မြစ်ခွင်း အလင်းတည်ရာ || ဘာသာပြန် ||『Completed』Where stories live. Discover now