『Unicode』
လုလျန်နင်နှင့် ကုချန်တို့ ကားပေါ်၌ ထိုင်နေခဲ့ကြသည်။ကားက လမ်း ပိတ်နေသော အပိုင်းတွင်ဖြစ်၍ အလွန့်အလွန်နှေးကွေးစွာ ရွေ့နေသည်။
သူတို့ရှေ့၌ လူတစ်စုက တကြိတ်ကြိတ်တိုးနေပြီး လူနာတင်ယာဉ်တစ်စီးကလည်း မြည်ဟည်းနေခဲ့၏။
ချန်မြောင်တစ်ယောက် လူအုပ်ထဲမှ ထွက်လာခဲ့လျက်။ ဝင်သွားစဉ်က ဝတ်ထားခဲ့သော အပေါ်အင်္ကျီမှာ မရှိတော့ပဲအောက်ထပ်ရှပ်အင်္ကျီတစ်ထည်သာ ကျန်တော့လေသည်။
လက်စသတ်တော့ Omegaတစ်ယောက် လမ်းထဲမှာပင် ရုတ်တရက် Heatဝင်သွားသည့်ပုံ။ ကျန့်သောက်လမ်းမကြီးကယခု ဖရိုဖရဲဖြစ်နေကာ သက်ဆိုင်ရာ ဝန်ထမ်းတွေက ရှင်းပေးနေရ၏။
ကုချန်က ရုတ်တရက် မပွင့်တပွင့် ဆိုလိုက်သည် : " သူက အတော်လေး ဂရုစိုက်တတ်တာပဲ "
လုလျန်နင် သူ့အကြည့်ဆီသို့ လိုက်ကြည့်လိုက်ရာ ထိန်းချုပ်ဆေးထိုးထားရပြီး လူနာတင်ကားပေါ် ကူပို့ခံနေရသည့်Omegaမှာ အနက်ရောင် အပေါ်အင်္ကျီနှင့် ဖုံးအုပ်ထားခဲ့၏။ ချန်မြောင့်၏ အင်္ကျီပေ။
ထိုအချိန်တွင် ချန်မြောင်ဟာ လမ်းထောင့်၌ အသံတိတ် ပျောက်ကွယ်သွားခဲ့ပြီပင်။
လုလျန်နင်က ထီမထင်စွာ နှာတစ်ချက်မှုတ်လိုက်ပြီး မည်သည့် မှတ်ချက်မှမပေးလာ။
Omegaအား လူနာတင်ကားပေါ် ပို့ပြီးသည်နှင့် လမ်းက အမြန်ရှင်းသွားတော့၏။ ကုချန်က စီတီယာရင်ဘီးကို လှည့်၍ဖြည်းဖြည်းချင်း မေးလာသည် : " တီဗွီရုပ်သံတစ်ခုက မင်းကို နှစ်သစ်ကူးမတိုင်ခင်ညပါတီမှာ နောက်ဆုံးအဖြစ်ပါဝင်ပေးဖို့ ဖိတ်ထားတယ် "
လုလျန်နင်က နှစ်ခါပင်မတွေးပဲ ငြင်းကာ ကုချန်ကို မကျေမနပ်နှင့် မေးလေ၏ : " ခင်ဗျားဘာဖြစ်နေတာလဲ ? ကျွန်တော်ဒါမျိူးတွေ လက်မခံဘူးဆိုတာ မသိဘူးလား ? "
ကုချန်က ခဏတိတ်သွားပြီးမှ " မင်း ပိုက်ဆံလိုနေတယ် မဟုတ်ဘူးလား ? "
" ဘယ်အချိန်ကများ ကျွန်တော်က......."
လုလျန်နင် ရုတ်တရက်ဆိုသလို သုံးသန်း လွှဲမပေးရသေးမှန်း သတိရလိုက်၏။ ထိုနေ့ကတည်းကစ၍ ချန်မြောင်သည်တစ်စုံတစ်ရာနှင့် အလုပ်ရှုပ်နေသည်ထင်။ ရက်အနည်းငယ်မျှခွင့်ယူပြီးနောက် သူ ပျောက်သွား၏။ ယနေ့တွင်တော့ မမျှော်လင့်စွာ လမ်းမထက်မှာ Omegaတစ်ယောက် Heatဝင်သည်ကို ကူညီနေသည်အား တွေ့လိုက်ရသည်။