『Unicode』
လင်းရှန်းသည် သူ့အိမ်ရှိ လသာဆောင်တွင် ရပ်လျက် လက်ကြားထဲ၌ တစ်ဝက်ကုန်နေသည့်စီးကရက်ကို ညှပ်ထားသည်။ထို့နောက် ဖြည်းဖြည်းချင်း ပါးစပ်ဆီသို့ ယူသွားပြီး ခဲ,ထားလိုက်၏။
ဖုန်းတစ်ဖက်ရှိ လင်းကျယ်မှာ သူ့ညီငယ်ကို ဖျောင်းဖျရန်အတွက် စိတ်ရှည်နိုင်စွမ်းတွေ ပျောက်ဆုံးသွားသည်ထင် : " သာမန် Betaတစ်ယောက်ကို မင်းလဲဦးနှောက်မကောင်းဖြစ်ပြီး အဲ့ဒီ လုလျန်နင်နဲ့ ပြိုင်ဖို့ အလောတကြီးဖြစ်နေတာလား ?! "
လင်းရှန်းက ဖြည်းဖြည်းချင်း ပြန်ဖြေ၏ : " ရတယ် ကျွန်တော် အခုမှ ပြန်လာတာ ၊ အစ်ကို ကျွန်တော့်ကို ကူမစစ်ကြည့်ပေးချင်လဲ ကျွန်တော်ကိုယ်တိုင် စစ်ကြည့်မယ်။ အချိန်ရောက်လာလို့ မူမမှန်ဖြစ်ရင် လုမိသားစုက အစ်ကို့ကိုရှာတွေ့ပြီး မိသွားမယ်ဆိုရင် ကျွန်တော့်ကို ကြိုမပြောဘူးလို့မပြောနဲ့။ "
" လင်းရှန်း ! " လင်းကျယ်မှာ လင်းရှန်း၏ အပြုအမူကြောင့် အနည်းငယ် စိတ်တိုသွား၏။ သူ တစ်စုံတစ်ရာ ထပ်ပြောတော့မည်အပြု လင်းရှန်းကပဲ ဖုန်းချသွားတော့သည်။
နေ့လယ် ၃:၁၀၌ လင်းရှန်းသည် စာသင်ခန်းထဲတွင် သင်ခန်းစာနားထောင်နေခဲ့သည်။ သူ့ဖုန်းက တုန်လာ၏။
သူ ကောက်ကြည့်လိုက်ရာ Mailboxထဲမှ အီးမေးလ်တစ်စောင်ဖြစ်နေမှန်းတွေ့လိုက်ရသည်။ သူနှိပ်ကြည့်လိုက်လျှင် မရင်းနှီးသည့် အိုင်ဒီမှ ဖြစ်နေသည်။
သူသည် အတန်းပြီးသည်ထိ မစောင့်တော့ပဲ ဖိုင်ကို နှိပ်ကြည့်လိုက်သည်။
ယင်းသည် လီယန့်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များပင်။
လင်းရှန်းသည် စခရင်ကို အတန်ကြာစိုက်ကြည့်နေပြီးမှ အနှစ်နှစ်ဆယ်အတွင်းက သူ့ဘဝ၏ အဓိက အဖြစ်အပျက်များကို မျက်လုံးရွှေ့ကြည့်လိုက်သည်။
ယင်းသည် လူတစ်ယောက်၏ ကပ်ဆိုက်သည့်သမိုင်းနှင့်ဆင်တူသည်။ လီယန်ဟုခေါ်သော ဤBetaမှာ ဘဝကောင်းရှိသည်ဟုပင် ပြောဖို့ခက်ပြီး လုလျန်နင်၏ လက်အတွင်း ခြေခလုတ်တိုက်ခဲ့မိခြင်းပင်။