『Unicode』
လုလျန်နင်က ဆိုဖာတစ်ဖက်တွင်ထိုင်နေပြီး ချီကျန့်က သူ၏ စာရေးခုံတွင် လက်နှစ်ဖက်နောက်ပစ်၍ လှဲနေခဲ့သည်။ လုလျန်နင်၏ စကားများကို ကြားပြီးသည့်တိုင် သူ လုလျန်နင့်စကားများ၏ ဒုတိယတစ်ဝက်ကို အလွန့်အလွန် နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည် : " ထိခွင့်မပေးဘူး ? "
ထို့နောက် သူ ကိုယ်ကို မတ်လိုက်၏။ သူ့မျက်လုံးတွေမှာ လုလျန်နင်၏ ပါးစပ်ထဲမှ အနှီစကားလုံးထွက်လာသည်ကိုသံသယဝင်နေသည်မှာ သိသိသာသာ။လုလျန်နင်၏ စိတ်ဝိညာဉ်ကို သူများအပိုင်သိမ်းသွားပြီလား ? သူမယုံနိုင်လောက်အောင်ပင်။
" မင်း ဒီနေ့ ဒီကိုလာတာက သူ့ဆန္ဒတွေကို ပြောပြဖို့အတွက်လား ? သူ ဆန္ဒရှိလား မရှိလားဆိုတာက မင်း ထည့်စဉ်းစားရမယ့်အရာလား ? မင်း တစ်ခုခုဖြစ်နေတာတော့မဟုတ်ဘူးမလား ? "
လုလျန်နင်မှာ အလွန်စိတ်ပျက်နေသည့်တိုင် ချီကျန့်၏ စကားများကို ကြားလိုက်ရသောအခါ ပို၍ စိတ်ပျက်သွားပြီးဒေါသထွက်လာ၍ လှည့်ကာ ပြောလိုက်သည် : " မင်း ဆေးတွေက အဆင်ပြေပါတယ်ဆိုပြီး မင်း ငါ့ကိုအသေအချာပြောခဲ့ပါတယ် ! "
ချီကျန့်မှာ သူတကယ် မရွှင်ပျနေသည်ကို မြင်ပြီး သူ့ကို မေးခွန်းထုတ်သည့်အကြည့်မျိူးနှင့်ပင် ကြည့်လာခဲ့တဖြည်းဖြည်းနှင့် သူက အမူအရာကို ထိန်းလိုက်ပြီးမှ လေသံက ပို၍ အေးစက်သွား၏ : " ငါ့ဆေးတွေက အဆင်ပြေပါတယ်လို့ ငါ ပြောနေနိုင်တုန်းပဲ။ "
" ပျမ်းမျှစျေးနှုန်းက တစ်ပုလင်းကို ၁၆၃,၀၀၀နီးပါး။ အသုံးပြုပြီးရင် အများဆုံးမှ နည်းနည်း အားနည်းရုံပဲ ခံစားရပြီးဘေးထွက်ဆိုးကျိုးကလဲ ခပ်ပါးပါးပဲရှိတယ်။ သူ့ လက်ရှိကျန်းမာရေးပြဿနာတွေက ဆေးရဲ့ပြဿနာမဟုတ်ဘူး။ မင်းရဲ့ပြဿနာပဲ "
ချီကျန့်က ထိုသို့ အကြင်နာမဲ့အမှန်တရားကိုမညှာမတာထုတ်ပြောလိုက်လေရာ လုလျန်နင်လည်း ခဏမျှ ကြောင်သွားရတော့သည်။
" ဆေးဘယ်လောက်ပဲကောင်းကောင်း ၊ ငါ မင်းကို ရက်၃၀အတွင်း ၁၇လုံးသုံးဖို့ မပြောခဲ့ဘူး။ မင်း အပျော်ကြီးပျော်နေခဲ့တုန်းက ကျေးဇူးတင်ဖို့မတွေးခဲ့ဘူး။ အခု ဖျက်စီးမိမှ မင်းက ငါ့ဆီလာနေတယ် ! "