『Unicode』
လုလျန်နင်ကို မဆိုနှင့်။ ချန်မြောင်ပင် ပထမဆုံးအကြိမ်အဖြစ် ဆောင်းရာသီကို တောင်ပေါ်မှာ ကုန်ဆုံးဖူးတာဖြစ်သည်။
ချန်မြောင် လုလျန်နင်အတွက် ထုပ်ပိုးပေးခဲ့သော အဝတ်ထူထူများကို လုလျန်နင်က ကောက်ယူခဲ့၏။
တောင်ပေါ် အပူချိန်က နိမ့်နေသည့်အပြင် နှင်းကျပြီးနောက် အပူချိန် ပြင်းပြင်းထန်ထန် ကျဆင်းတော့သည်။
ချန်မြောင် တွေ့နေရ၏ ၊ ရိုက်ကွင်း၌ လုလျန်နင်သည် ဆင်တူ အဝတ်တစ်ထည်တည်းကိုသာ ဝတ်ထားရဆဲ။ အလွန်သိမ်မွေ့နူးညံကာ မျက်နှာက ရေခဲပမာ အေးစက်လှသည်။ သို့တိုင် နဂိုဖြူစွတ်သော လက်ချောင်းထိပ်များမှာ အအေးဒဏ်ကြောင့် နီရဲနေပြီပင်။
ချန်မြောင်မှာ လက်အနွေးအိတ်နှစ်ခုယူပြီး အားသွင်းထားရ၏။ ဇာတ်ကွက်ရိုက်ကူး ပြီးစီးသည်ကို မြင်သည်နှင့် သူ အမြန်သွားပေးရသည်။
လုလျန်နင်က ရောင်စုံဒီဇိုင်းများနှင့် လက်အနွေးအိတ်နှစ်ခုကို ကြည့်၏။ သူ အမှန်တကယ်အေးနေသောကြောင့် ဖြစ်မည် ၊မျက်နှာက အနည်းငယ် ပြာနှမ်းနေကာ ထိုထိုသော ကြေးထူသည့်စကားများပင် မဆိုနိုင်တော့ချေ။ သူဟာ ချန်မြောင်ကိုအနည်းငယ် ထီမထင်ဟန်ဖြင့်ကြည့်ပြီး လက်တွေကို ထည့်လိုက်၏။
ချန်မြောင်က သူ့ကို ဂွမ်းသားအထူအင်္ကျီဖြင့် အုပ်ပေးသည်။ ခဏမျှ ပတ်ရုံရှိပြီး ၊ လုံလုံလောက်လောက်ပင် မနွေးခင်ပြန်ဖွင့်ရပြန်သည်။
သူ ယခုပင် အပူပေးထားရသော အနွေးဓာတ်များမှာ လေအေးကြောင်း တစ်ဖန် လွင့်ပြယ်သွားကာ ဖွင့်လိုက်သောအခါပို၍ပင် အေးစက်သလို ခံစားလိုက်ရ၏။
လတ်တလောမှာ ရန်ချီက အပြီးသတ်ဖို့ကို အပြင်းအထန်ကြိုးစားနေ၏။ သူ အနည်းငယ် ဖင့်လိုက်ပါလျှင် နှင်းသည်းထန်လာပြီး ၊ တောင်ပေါ် ပိတ်လိုက်ရမည်ကို စိုးရိမ်၍ပင်။ ရိုက်ကူးရေး၏ အပြင်ပိုင်းရိုက်ကွင်းများက အပြီးသတ်တော့မည်ဖြစ်၍ ပြီးခဲ့သည့်နေ့ရက်များမှာ သူ အချိန်ပိုဖြင့် အလုပ်လုပ်နေခဲ့သည်။