Chapter - 35

1.5K 260 1
                                    

『Unicode』



Pajamasနှင့် ချန်မြောင်သည် အေပရွန်ကို ဝတ်လျက် မီးဖိုချောင်ထဲမှာ ဟင်းချက်နေသည်။ လုလျန်နင်《Broken Window》ကို ရိုက်ကူးပြီးချိန်ကတည်းက သူ လုလျန်နင်အတွက် နည်းမျိုးစုံဖြင့် ဟင်းချက်ပေးခဲ့ရသည်။ သူတို့နှစ်ယောက်အတူ စားသောက်ရန် ဟင်းလေးမျိူးနှင့်ဟင်းရည်တစ်ခွက်က အခြေခံပင်။

ယခုဆိုလျှင် ချန်မြောင်က ယခင်ကထက် အများကြီး ပိုကျွမ်းကျင်လာပြီဖြစ်သည်။ သူသည် ဟိုမှာ ဟင်းရည်တည်ထား၍သည်မှာ ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်နေခြင်း။

မွန့်တည့်ချိန်၌ လုလျန်နင်သည် အိပ်ခန်းထဲမှ ထွက်လာကာ ခေါင်း ဆန့်ကြည့်လိုက်သည်။ အလုပ်များနေသော ချန်မြောင်​၏ ကျောပြင်လေးကို မြင်လျှင် သူ အလွန်အမင်းဗိုက်ဆာလာသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် သူ ရိုးရိုးတန်းတန်းပင်ထမင်းစားပွဲတွင်ထိုင်၍ ဖုန်းဆော့ရင်း စောင့်နေလိုက်​၏။

ချန်မြောင်သည် သူ​၏ဆုံးရှုံးသွားသော ကိုယ်အလေးချိန် ပေါင်အချို့ကို ပြန်လည်ဖြည့်တင်းရန် ဆုံးဖြတ်ထားသည့်နှယ် ထင်ရသည်။

ရုတ်တရက် မီးဖိုချောင်ထဲရှိ ချန်မြောင်​၏ ဖုန်းက မြည်လာခဲ့သည်။ ချန်မြောင်သည် ဟင်းရည်ပြင်နေရ၍ လက်မအားသဖြင့် မြည်ခိုင်းထားလိုက်​၏။

ဟင်းရည်ပြင်ပြီးကာမှ ချန်မြောင် ဖုန်းကို ထုတ်လာခဲ့သောအခါ ထိုအပေါ်မှ နံပါတ်ကို မြင်သွားလေသည်။ ရုတ်ခြည်းပင်သူ့သူငယ်အိမ်များ ကျုံ့ဝင်သွားကာ အမြန် ထွက်လိုက်သည်။

သူ ဖုန်းကို ပြန်ထည့်လိုက်စဉ် ယခုပင် ချထားသော ဖုန်းက ပြန်မြည်လာခဲ့ပြန်​၏။

သူ အသံကို ပိတ်ပစ်လိုက်သော်လည်း အိတ်ထဲရှိ ဖုန်းက ဆက် တုန်နေလျက် သူ့ကို အသိပေးနေတော့သည်။

နောက်ဆုံးတွင်တော့ ချန်မြောင်သည် မီးဖိုချောင်တံခါးကို ဖွင့်၍ အိပ်ထောင်ဆီ လက်လှမ်းကာ ဖုန်းကို တင်းတင်းဆုပ်လိုက်မိသည်။ ပြီးလျှင် ထိတ်လန့်တကြားနှင့် သန့်စင်ခန်းထံ လျှောက်လာလိုက်​၏။

အမှောင်မြစ်ခွင်း အလင်းတည်ရာ || ဘာသာပြန် ||『Completed』Where stories live. Discover now