『Unicode 』
လင်းရှန်း ကားထဲမှာ ထိုင်နေလျက် မျက်လုံးတို့က ညအမှောင်ထဲတွင် အလျင်အမြန်ပျောက်ကွယ်သွားသော လီယန့်၏ ပုံရိပ်ထံ စူးစိုက်ကြည့်နေခဲ့သည်။သူဟာ မြန်မြန်လျှောက်သွားသဖြင့် မိနစ်အပိုင်းအတွင်း ထောင့်ချိုးဝယ် ပျောက်ကွယ်သွားခဲ့၏။
လင်းရှန်းက လီယန်အား သူ သူ့ကိုရှာနိုင်ကြောင်း ပြောပြီးသည့် ငါးမိနစ်အကြာမှာပဲ လင်းရှန်းသည် တုလင်၏ ဖုန်းနံပါတ်ကိုဖွင့်လိုက်သည်။ သူ မခေါ်ရသေးခင်ပင် တုလင်က ခေါ်လာပါ၏။
ဖုန်းကောလ်ချိတ်ဆက်လိုက်သည်နှင့် တုလင်က အံ့ဩသွားလျက် : " ဘာလို့ ဒီလောက်မြန်မြန်ကြီး ပြန်ဖြေတာလဲ ? "
လင်းရှန်း : " ငါ မင်းကို ခေါ်တော့မလို့ " တုလင် ဘာမှ မမေးရသေးခင် သူ မေးလိုက်သည် : " အရင်တစ်ခေါက်က ငါ စစ်ကြည့်ခိုင်းထားတဲ့ Betaအကြောင်း ဘာကြားသေးလဲ ? "
" အိုင်း ငါမင်းကို အခုပဲပြောတော့မလို့။ သူ့မှာ ပြဿနာတချို့ရှိနေပုံပဲ။ လူမှုဆက်ဆံရေး ၊ ကိုယ်ရေးအချက်အလက် ၊မိသားစုဆက်နွှယ်မှုအကုန် ဗလာဖြစ်နေတာပဲ။ ငါဘာမှ ရှာမတွေ့ခဲ့ဘူး "
လင်းရှန်း တန့်သွား၏။ တုလင်ပင် ဘာမှ ရှာမတွေ့သည်မို့ သူ့မျက်ခုံးတွေ အနည်းငယ် ကျုံ့သွားရလျက်။အနှီBetaဟာအမှန်တကယ်ပင် ထိုမျှ ရိုးရှင်းမနေပါချေ။ " ဘာအချက်အလက်မှကို မရှိတာ ? "
တုလင်ခမျာ လင်းရှန်းက သူ့အရည်အချင်းကို မေးခွန်းထုတ်သလို ခံစားလိုက်ရ၍ အနည်းငယ် ကသိကအောက်ဖြစ်သွားရ၏ : " သူ့နာမည်က လီယန်ဆိုတာပဲ ငါတွေ့တယ် "
တစ်ဖက်လူသည် ကိုယ်ရေးအချက်အလက်အတုပင်မလုပ်ပဲ တိုက်ရိုက် အလွတ်ထားခဲ့ခြင်းပေ။ ထို့အပြင် တစ်ဖက်လူများ ဘာမှ ရှာနိုင်မှာမဟုတ်ဟူသည့် ထိုလူ၏ အလွန်အကျွံ ယုံကြည်မှုက ၊ သတိပေးသည့်အရိပ်အမြွက်တစ်ခုပေလား ?
ရုတ်တရက် လင်းရှန်းမှာ ပေါက်ကွဲပစ်ချင်သည့် ထူးထူးခြားခြားဆန္ဒများထွက်ပေါ်လာသည်။ သူ တုလင်ကို ပြောလိုက်သည် : " ဒီကိစ္စကို စစ်မနေနဲ့တော့။ ငါ မြို့တော်ဗဟို ဆေးရုံအပေါက်ဝမှာ ၊ မင်းမှာ အချိန်ရှိရင် ငါ့ကို လာခေါ်ပေးဦး "