『Unicode』
《Broken Window》ရုပ်ရှင်သည် နိုင်ငံခြားတွင် ဆုတစ်ဆု ဆွတ်ခူးခဲ့သည်။ယွီရန်ကမူ မအံ့ဩ။ မည်သို့ဆိုစေ သူ၏ပထမဆုံး နိုင်ငံတကာရုပ်ရှင်ဆုမှ မဟုတ်ပါပဲ။
သို့သော် ယင်းသည် လုလျန်နင် လျစ်လျူရှု့လို့ ရနိုင်သော အရာတစ်ခုမဟုတ်တော့ပေ။ ထို့ကြောင့် အင်တာနက်တွင် လုလျန်နင်၏ သတင်းများ စတင်ပျံ့နှံ့လာတော့သည်။ သူ၏ သရုပ်ဆောင်စွမ်းရည်နှင့် ရုပ်ရည်ကို ချီးကျူး၍ အခြားတက်သစ်စကြယ်ပွင့်များနှင့် နှိုင်းယှဉ်လာကြရာ အလွန်ပင် ပွဲစည်နေတော့သည်။
ခဏတာမျှ လုလျန်နင်အကြောင်း ခေါင်းစဉ်များက ဆက်လက် Hotနေခဲ့သည်။
ကုချန်မှာ ထိုစဉ်က ဖြစ်ရပ်ကောင်းတစ်ခုဟု ထင်မြင်ခဲ့သည်။အားတက်သရောမဟုတ်လှသည့် လုလျန်နင်တစ်ယောက်နောက်ဆုံးမှာတော့ နာမည်ကြီးလာတော့မည်ထင်။
ထိုနေ့က ပရိုမိုးရှင်းပွဲတစ်ခု ပြီးကာစအချိန်။
ချန်မြောင် လုလျန်နင်ကို အိမ်သို့ ပြန်မောင်းပို့ရ၏။ သူ လမ်းဆုံမှ ကွေ့လိုက်သည်နှင့်တပြိုင်နက် မီးရောင်က လက်ကနဲ့ဖြစ်သွားခဲ့သည်။ လုလျန်နင်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားကာ ဆဲရေးလိုက်သည်။
ချန်မြောင်သည်လည်း အမြန် တုံ့ပြန်နိုင်လိုက်ပြီး လှည့်ကြည့်လိုက်၏။ အမှန်တကယ်ပင် သူတို့နောက်မှ ကားတစ်စီးလိုက်လာခြင်း ၊ သောင်းကျန်းလှသည်ပေ။
လီဗာကို အနည်းငယ်မျှ နင်း၍ ချန်မြောင်မှာ သုံးလမ်းလောက် ကွေ့ပြီးခါမှ အနှီလူစုကို ရှင်းထုတ်နိုင်လိုက်၏။ သို့သည့်တိုင် လုလျန်နင်၏ မျက်နှာမှာတော့ အလွန်အကျဉ်းတန်နေခဲ့ပြီပင်။
ကားက လမ်းဆုံ၏ မီးနီနှင့် တွေ့နေချိန် ချန်မြောင်က ခပ်တိုးတိုးမေးလိုက်သည် : " ငါတို့ ဘယ်သွားကြမလဲ ? အိမ်... အိမ်ပြန်ကြမှာလား ! ? "
" ချီးကို အိမ်ပြန် ! ငါတို့တွေ ရှာတွေ့ခံလိုက်ရပြီ ၊ တံခါးဝမှာ ထိုင်နေကြတဲ့ ပါပါရာဇီတွေ အများကြီးပဲ ! " လုလျန်နင်သည်လွန်စွာ စိတ်ရှုပ်နေလျက်။