Chapter - 30

1.7K 272 11
                                    

『Unicode』


ချန်မြောင်မှာ ခွဲပြီးသား အုန်းသီးကို ယူပြီး ကမ်းခြေသို့ လျှောက်သွားလိုက်သည်။ လုလျန်နင်က ရေလွှာလျှောစီးပြီး ပြန်ရောက်လာကာစ။

သူသည် ရွှဲရွှဲစိုနေ​၏။ ပင်လယ်ရေများက ဖြူဖွေးသောအသားအရေပေါ်က ငေါထွက်နေသည့် ကြွက်သားများတစ်လျှောက် စီးဆင်းသွားလျက်။ သူက ချန်မြောင်ထံ လျှောက်လာ၍ ခေါင်းကိုခါလိုက်ရာ ဆံပင်စိုပေါ်မှ ရေများက ချန်မြောင်အား လာစင်တော့သည်။

ထိုအခါမှ သူဟာ ချန်မြောင့်လက်ထဲက အုန်းသီးကို မြင်သွားလေသည်။ အုန်းသီးလုံး​၏ ထိပ်၌ အဝိုင်းပေါက်လေးဖောက်ထားပြီး ဦးထုပ်လေးပမာ ထုတ်ထားသည့် အပိုင်းနှင့်ပင် ပြန်ပိတ်ထားသည်။ ပြီးလျှင် ပလတ်စတစ်ပိုက်တစ်ချောင်းကိုလဲစိုက်ထားပေး​၏။

လုလျန်နင်က လှမ်းမယူပေ။ချန်မြောင်က မ,ပေးလိုက်မှ လုလျန်နင်ဟာ ခေါင်းငုံ့၍ တစ်စုပ် စုပ်သောက်လိုက်သည်။

ရုတ်တရက် ကလစ် ' ဟူသော အသံတစ်ချက်။ လုလျန်နင်​၏ ပထမဆုံး အတွေးမှာ ပါပါရာဇီ ၊ ဤသို့သော သီးသန့်ကျွန်းအပေါ်အထိ လိုက်လာနိုင်ရအောင် အတင့်ရဲလိုက်လေသလား ?

ရလဒ်မှာတော့ သူမော့ကြည့်လိုက်သောအခါ မီးခိုးရောင်မုတ်ဆိတ်နှင့်ဖြစ်သည့်တိုင် တက်ကြွလှသော လူအိုကြီးတစ်ယောက်ကို တွေ့လိုက်ရ​၏။ သူဟာ လုလျန်နင်ကို ဖော်ဖော်ရွေရွေပင် ပြုံးပြကာ လက်ယမ်းပြလေသည်။

လုလျန်နင် လျှောက်သွားလိုက်ရာ သူက ယခု ရိုက်ထားခဲ့သော ဓာတ်ပုံကို ပြပေးလာခဲ့သည်။

ဓာတ်ပုံက စုံတွဲတစ်တွဲပမာ။ နှစ်ယောက်သား အလွန်နီးကပ်နေကြပြီး သူတို့ထဲမှ တစ်ယောက်ကအုန်းသီးကိုင်လျက်နှင့် ၊မျက်နှာမှာ ရေစက်လက် စီးကျနေသော ကျန်တစ်ယောက်ကမူ ခေါင်းငုံ့၍ လက်ထဲမှ အုန်းရည်ကို စုပ်သောက်နေသည်။ထို့အပြင် အနည်းငယ်ပုသည့်တစ်ယောက်က အသားမဲလေးနှင့်ပင်။ သူ​၏ အနည်းငယ် ပွင့်ဟနေသော ကော်လာနှင့် ပေါ်နေသော လက်ကောက်ဝတ်များတို့၌ မရေမရာ အရိပ်အမြွက်အချို့လည်း ရှိနေခဲ့​၏။ သူသည် နံဘေးရှိ Alphaကို ကြည့်နေခဲ့ပြီး မျက်နှာဘေးတိုက်မှတဆင့် ကော့တက်နေသည့် နှုတ်ခမ်းကို မြင်နေရပါသည်။

အမှောင်မြစ်ခွင်း အလင်းတည်ရာ || ဘာသာပြန် ||『Completed』Where stories live. Discover now