『Unicode』
ချန်မြောင် ထပ်ပြီး အလုပ်ထုတ်ခံလိုက်ရ၏။ သူ တစ်နေကုန် အုံ့မှိုင်းနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည် ၊မိုးရွာတော့မည်ထင်။
လေထုက သိပ်ပြီး မွန်းကျပ်မနေ။ သူ ထောင့်ချိုးရှိ ကိတ်ဆိုင်တစ်ဆိုင်တွင် နှစ်နာရီခွဲမျှ စောင့်နေရ၏။ သူဌေးကနောက်ဆုံး မုန့်ဖုတ်ခန်းထဲမှထွက်လာခဲ့သညိ။ သူမသည် တောင်းပန်သည့်အပြုံးဆင်မြန်းထားသော အမျိုးသမီးBetaတစ်ယောက်ပေ : " တောင်းပန်ပါတယ် လူကြီးမင်းရယ် ၊ ဝန်ထမ်းက ဒီနေ့ခွင့်ယူထားလို့ နည်းနည်းအလုပ်များသွားတယ်။ ဘာလိုချင်လို့လဲ မသိဘူး ? "
ဤဆိုင်လေးက အမှန်တကယ် သေးငယ်သည့်တိုင် စီးပွားရေးတော့ ကောင်းသည်ပင်။ ချန်မြောင် ပြတင်းပေါက်မှခင်းကျင်းထားသော ကိတ်များကို ပထမအတန်းမှ ပဉ္စမအတန်းအထိ ကြည့်လိုက်၏။ သူ့မျက်လုံးသည် စျေးနှုန်းဇယားပေါ်သို့ ထပ်မံရောက်သွားကာ အတော်လေးလဲ ဝန်လေးနေဟန်။
ဆိုင်ပိုင်ရှင်က အလွန်စဉ်းစားတတ်သူဖြစ်၍ ထိုအချိန်တွင် တစ်စုံတစ်ရာကို နားလည်သွားသည့်ပမာ အကြာကြီးစောင့်နေခဲ့သော ဖောက်သည်ဖြစ်သူကို မေးမြန်းလိုက်သည် : " ရှင် မွေးနေ့ကိတ်မှာချင်လို့လား ? အလျင်လိုနေတယ်ဆိုရင်လဲကျွန်မမှာ ပြင်ပြီးသားတစ်လုံးရှိပါတယ်။ ဒါပေမယ့် ဖောက်သည်က အကြောင်းတစ်ခုကြောင့် လာမယူနိုင်တော့ဘူးလို့ပြောတယ်။ တကယ်လို့ ရှင်လိုနေရင် ကျွန်မ ရှင့်ကို စျေးနှိမ့်ပြီး ရောင်းပေးလို့ရပါတယ် "
ချန်မြောင် ချက်ချင်း သဘောတူလိုက်ပြီး ဆို၏ : " ရပါတယ်။ ကျွန်တော် ကိတ်က ဘယ်လိုပုံလဲ ကြည့်လို့ရမလား ? "
ဆိုင်ပိုင်ရှင်က ပြုံးလိုက်ပြီး " ဒါပေါ့။ "
သူမသည် အတွင်းခန်းထဲမှ ၁၂လက်မအရွယ် ပုလဲလုံးများ မံထားသော ကိတ်လေးတစ်လုံးကို ယူလာပေးခဲ့၏။လှပသောမင်းသမီးလေးတစ်ပါးက ကိတ်အလယ်တွင် နေရာယူလျက် ၊ အဓိကအရောင်အဖြစ် အပြာကို အသုံးပြုထားသည်။
မင်းသမီးလေး၏ အလွှာများနှင့်ဂါဝန်မှာ ကိတ်၏ မျက်နှာပြင်အများစုကို သိမ်းပိုက်ထားပြီး မေးချီထားလျက် အလွန်မြင့်မြတ်ကျော့ရှင်းဟန်။