『Unicode』
လုလျန်နင် နိုးလာသောအခါ အရင်ဆုံး အစားအသောက်အနံ့များကို ရလိုက်၏။ သူ အိပ်ချင်မူးတူးနှင့် မျက်လုံးဖွင့်ပြီးဘက်ထရီ3%သာကျန်သည့် ဖုန်းကို ခေါင်းအုံးအောက်မှ ဆွဲထုတ်လိုက်သည်။ ထိုတွင် ပေါ်နေသည့်အချိန်ကား မနက်၁၁:၁၀။
သူ ဖုန်းကို နံဘေး ပြန်လွှင့်ပစ်လိုက်ပြီး pajamasကို ဆွဲယူ ဝတ်လိုက်သည်။ သူ ဆေးကြောနေစဉ် ဧည့်ခန်းတံခါး ပွင့်လာသံကို ကြားလိုက်ရသည်။
ချန်မြောင်သည် ဧည့်ခန်းထဲတွင် ချက်ပြုတ်နေခဲ့ခြင်းပေ။ သူဟာ ထိုသည်မှာ မကြည်မသာသောမျက်နှာနှင့် ရပ်နေခဲ့၏။သူနှင့် သိပ်မတော်သော လုလျန်နင်၏ အဝတ်များကို ဝတ်ထားခဲ့သည်။ အင်္ကျီလက်က ရှည်လွန်းသည့်အပြင် အဝတ်အစွန်းများကလဲ ရှည်နေသည်။
ယင်းသည် ကုချန် တံခါးမှ ဝင်လာစဉ် တွေ့လိုက်ရသော မြင်ကွင်းပေ။ ချန်မြောင်က pajamas ကို ဝတ်ထားပြီး ကြမ်းတိုက်နေခဲ့သည်။အိုးထဲတွင် မည်သည်တို့ကို ကြော်နေသလဲ မသိ ၊ ဧည့်ခန်းတစ်ခွင်လုံး ရနံ့များက မွှေးကြိုင်နေခဲ့၏။ထို့နောက်လုလျန်နင်က အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ သူ့ဆံပင်များက အနည်းငယ်စိုရွှဲနေလျက် မနက်ခင်းစောစောတွင် ရေချိူးပြီးကာစ အသွင်ပေါ်နေသည်။
ကုချန်သည် လက်ထဲ၌ ဖိုင်ကို ကိုင်လျက် ၊ လုလျန်နင် ထွက်လာသည်ကို မြင်သောအခါ သူ လျှောက်သွားပြီး ပြောလိုက်သည် : " Surprise ကြီးပဲ ! "
လုလျန်နင် မျက်လုံးပင့်ကြည့်လိုက်သည်။ ထိုသို့ လွယ်လွယ်ပြောလေ့မရှိသည့် ကုချန်ကြောင့် သူ သိချင်စိတ်ဖြစ်သွား၏။
" ဘာတွေ ဒီလောက် ဆန်းကြယ်နေတာလဲ ? " လုလျန်နင်က စေ့စေ့ပိတ်ထားသော စာရွက်စာတမ်းတွေကို ယူလိုက်၏။
ကုချန်က မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသော ချန်မြောင်ကို တစ်ချက်လှည့်ကြည့်ပြီးမှ လုလျန်နင်ကို ပြန်ကြည့်လိုက်သည် : " ရန်ချီ့ရဲ့အပေါင်းအပါ စီနီယာအစ်ကို , ယွီရန့်ရဲ့ရိုက်တော့မယ့် ဇာတ်လမ်း "
YOU ARE READING
အမှောင်မြစ်ခွင်း အလင်းတည်ရာ || ဘာသာပြန် ||『Completed』
Storie d'amoreလုလျန်နင် × လီယန်