『Unicode』
အကယ်၍ လက်မောင်းကို အထိုးခံရလျှင် အရမ်းသိသာနေလိမ့်မည်။ လီယန်က သူလက်မြှောက်လိုက်သည်နှင့်တပြိုင်နက် ဆေးထိုးထားသည့် သဲလွန်စများကို တွေ့သွားပေမည်။ အကယ်၍ ခြေချင်းဝတ်မှာထိုးလိုက်ပါလျှင် ပြာသွားလျှင်တောင် သေချာအနီးကပ်ကြည့်လို့မရပေ။ လုလျန်နင်သည် အနှီနေရာကို ကောင်းကောင်းရွေးချယ်ခဲ့သည်ဟု ထင်ပြီးအိပ်ဆေးကလဲ အတော်လေး အာနိသင်ပြလေသည်။ ဤကိစ္စက စိတ်ချ၍ရသည့်အရာဖြစ်သော်လည်း ကျန်းကျစ်နှင့်တွေ့သောအခါ ဘာကြောင့် ဟာပေါက်အပြည့် ဖြစ်လာရသနည်း။
သူသည် အိမ်တော်ထိန်းက ကျန်းကျစ်အား လိုက်ပို့သည်ကို တုံဏိဘာဝေဖြင့်ကြည့်နေလိုက်ပြီးမှ မျက်လုံးတွေ လီယန့်ထံပြန်ရောက်သည်။ လီယန်ဟာ လှည့်ပင်မလှည့်ပဲ အသက်ရှုမှန်မှန်နှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲ။
ဤကာလအတွင်း၌ လီယန်ဟာ အိမ်မှာတီဗွီနှင့် ယောင်တောင်တောင်ဖြစ်ခဲ့ပြီး ခလုတ်တစ်ခုစီ၏ လုပ်ဆောင်ချက်တွေကိုရှင်းရှင်းလင်းလင်း သိခဲ့ရသည်။ သူသည် ဖျော်ဖြေရေးချန်နယ်မှ ဘဏ္ဍာရေးချန်နယ်သို့ ပြောင်းပြီး လုလျန်နင်နှင့် စုန့်ရွမ်၏အကြောင်း နောက်ထပ် အချက်အလက်များကို စိတ်ပါဝင်စားစွာဖြင့် နေ့စဉ်နေ့တိုင်ကြည့်ရှုတတ်သည်။
အိမ်တော်ထိန်းက သူ တီဗွီနှင့်ယောင်တီးယောင်တောင်လုပ်နေသည်များကို မတားမြစ်တော့သည့်တိုင် သည်ကိစ္စနှင့်ပတ်သတ်သည့် မည်သည့် သတင်းကိုမှ သူ ထပ်မတွေ့တော့ပါချေ။
သူ လွတ်သွားသည်ပဲဖြစ်မည်ဟု သူ့စိတ်ထဲမှာ ဆုတောင်းထား၏။
လုလျန်နင်က သူ့အပြုအမူသေးသေးလေးများကို အလုံးစုံ မြင်နေသော်လည်း ထူးထူးခြားခြားဆိုသလို ဒေါသမဖြစ်ခဲ့ပေ။လီယန်က အိမ်မှာ တီဗွီကိုအာရုံစိုက်နေခြင်းက အပြင်ထွက်၍ လင်းရှန်းနှင့်လျှောက်သွားသည်ထက် ပိုကောင်းပါ၏။လင်းရှန်းဆိုသည်မှာ ကလိမ်ကကျစ်။
လတ်တလောတွင် လုလျန်နင်က အိမ်၌ အချိန်ပိုကုန်လာသဖြင့် လီယန်မှာ အရင်ကထက် သက်သောင့်သက်သာဖြစ်မှုလျော့ပါးလာ၏။