Chapter - 18

1.7K 304 16
                                    

『Unicode』


အကယ်၍ မနှစ်မြို့ခြင်းသက်သက်သော်၎င်း စိတ်ဝင်စားခြင်းသက်သက်သော်၎င်း ဖြစ်ခဲ့ပါလျှင် အရာအားလုံးအလွန်အမင်း ဆိုးရွားလိမ့်မည် မဟုတ်ပေ။

သို့သော် ဤမနှစ်မြို့ခြင်းကတော့ အမည်မတပ်နိုင်သည့် စိတ်ဝင်စားမှုနှင့် စပ်စုလိုစိတ်တွေ ရောထွေးနေ​၏။ ချန်မြောင်ကသူ့အပေါ် ဤသို့သောအတွေးများရှိနေခြင်းကို လုလျန်နင် အမှန်တကယ် အံ့ဩရပါသည်။

တောင်ပေါ်ရှိ signalက သိပ်မကောင်းလှ။ သူ ဖုန်းကြည့်နေရင်း တစ်ခါတရံ တန့်နေသည်မျိုးရှိတတ်သည်။ ထိုအချိန်မျိူးဆို တဲအပြင်ဘက်ရှိ တောင်ပို့လေးသဖွယ်ဖြစ်နေသော ချန်မြောင်​၏ အရိပ်ထံသို့ မျက်လုံးပင့်ကြည့်မိ​၏။

ခဏမျှနေပြီးပါက ချန်မြောင် သူ့ကို လာတောင်းပန်လိမ့်မည်ဟု သူ ထင်ခဲ့ခြင်းပင်။

မည်သို့ဖြစ်စေ လေကာ၍ အနွေးဓာတ်ပေးမည့် တဲမရှိလျှင် တောင်ပေါ်ရှိ ညအပူချိန်က အသက်ရှင်နိုင်ဖို့ မလွယ်ချေ။

တဲအပြင်ဘက်ရှိ ချန်မြောင်မှာလည်း အမှန်တကယ် အေးခဲနေပါ​၏။သူ့ကိုယ်သူကို စောင်နှင့်တင်းတင်းပတ်၍ ဘောလုံးလေးလိုကွေးကာ ခေါင်းမြှီးပင်ခြုံထားသည့်တိုင် အေးစက်နေဆဲပင်။

ပျံ့နှံ့နေသော အအေးဓာတ်သည် မြေပြင်မှစ၍ ၊ လေအေးမှသည် လေထုထဲအထိ ပျံ့လွင့်နေပြီး သူ့ကို လွှမ်းခြုံထား​၏။

သူ့ခြေထောက်တွေမှာ အအေးဒဏ်ကြောင့် ထုံတော့မတတ်ဖြစ်နေပြီး တစစ်စစ်နှင့် ခံစားချက်ကလဲ လျစ်လျူရှုဖို့ခက်နေ​၏။

အအေးဒဏ်ကြောင့် နာကျင်မှုများကို အာရုံစိုက်ထားမိသဖြင့် သူဟာ ချဉ်းကပ်လာသည့်လူနှစ်ယောက်​၏ ခြေသံများကိုသတိမထားမိခဲ့ချေ။

သူ့ စောင်ကို နှစ်ချက်မျှ ပုတ်ခံလိုက်ရသည့်အချိန်ထိတိုင်ပေ။

ချန်မြောင် လုလျန်နင်ဟု ထင်လိုက်သဖြင့် သူ​၏ တောင့်တင်းနေသော လက်မောင်းကိုလှုပ်ကာ စောင်ကို ဖယ်လိုက်​၏။

အဆုံးသတ်တော့ ယဲ့ဟယ့်နှင့် သူ့လက်ထောက်ပင်။

လက်ထောက်က သိပ်ကြီးမည့်ပုံမပေါ်သေး။ အမှန်တကယ် ချန်မြောင်မှန်း မြင်သွားချိန်တွင်တော့ သူက နှစ်ထောင်းအားရရှိစွာ ပြုံးလာပါ​၏ : " ဟားဟားဟား တကယ်ကို မင်းပါလား။ သခင်လေးလုရဲ့ တတ်နိုင်လှတဲ့လက်ထောက်လေးက ဘာများဖြစ်ရတာပါလိမ့် ? အခုပဲ ငါတို့ကို မင်း တဲအပြင်မှာရှိနေတယ်လို့ လူတစ်ယောက်က လာပြောပေမဲ့ မယုံခဲ့တာကို "

အမှောင်မြစ်ခွင်း အလင်းတည်ရာ || ဘာသာပြန် ||『Completed』Where stories live. Discover now