『Unicode』
ချီကျန့်မျက်နှာတွင် ကာလာစုံ ဖုံးလွှမ်းနေ၏။ မျက်နှာဘယ်ဘက်ပါးရိုးအနေအထားမှာ အပြာနှင့် ခရမ်းရောင်
ဖြစ်နေ၏။ ကြည့်ရသည်မှာ တစ်ဖက်လူ၏ လက်ဆက အတော်ပြင်းပုံပင်။ တစ်ပတ်နီးပါးရှိတာတောင် သူ့မျက်နှာပေါ်ရှိရိုက်ခံရသည့်အရိပ်အယောင်များမှာ လုံးဝ ရှင်းလင်းနေသေးသည်။
သူ ဆေးရုံစင်္ကြံအစွန်တွင် စီးကရက်မီးညှိလိုက်ပြီး ပြတင်းပေါက်ဖွင့်ထားသည့် ပြတင်းဘောင်မှာ မှီလိုက်သည်။ သူ့နံဘေးတွင်တော့ တောင့်တင်းသောမျက်နှာဖြင့် ရပ်နေသော လုလျန်နင် ၊ သူ၏ မျက်နှာချောင်ကျနေမှုကို မဖုံးထားနိုင်ပေ။
ချိီကျန့်က စီးကရက်ကို တစ်ရှိုက်ဖွာ၍ မှုတ်ထုတ်လိုက်ပြီးမှ လုလျန်နင့်အား လှည့်မေးလိုက်သည် : " မင်းက ဘာတွေစိတ်ပူနေတာလဲ။ "
လုလျန်နင်သည် ခဏမျှ တိတ်နေပြီးမှ ဆိုသည်။ " လီယန်က ကိုယ်ဝန်၇လကျော်တုန်းက တစ်ခါ သူ့လက်ကောက်ဝတ်ကိုဖြတ်ခဲ့ဖူးတယ် "
ချီကျန့်က သည်အကြောင်းကြားလျှင် မျက်နှာထက်တွင် အံ့ဩရိပ်ဖြတ်ပြေးသွား၏။ ပြီးမှ သူသည် နှုတ်ခမ်းထောင့်ကဒဏ်ရာကို ဆွဲဆန့်ကာ ရယ်လိုက်သည်။
" ငါမှန်းထားတာထက်တော့ နည်းနည်းကျော်နေတာပဲ။ ကြည့်ရတာ သူမင်းနဲ့ကလေးယူဖို့ကို တော်တော်လေး အတိုက်အခံဖြစ်နေတာ။ ဒါကြောင့် မင်းက သူ နောက်တစ်ခါ သတ်သေမှာကို ကြောက်နေတာလား "
ချီကျန့်သည် မလှမ်းမကမ်းရှိ လီယန့် လူနာဆောင် တံခါးကို မေးဆတ်ပြလိုက်သည်။ လုလျန်နင်ပို့ထားသော လူက တံခါးဝတွင် ရပ်နေ၏။ " မင်း အနီးကပ်ကြီး စောင့်ကြည့်နေတာပဲ။ "
ချီကျန့်က လုလျန်နင်၏ မျက်နှာကို ကြည့်ပြီးမှ ဖြည်းဖြည်းချင်း မျက်နှာပိုးသတ်လိုက်ရသည်။ သူ စီးကရက်စီခံကိုမီးသတ်၍ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။
" သူ သေချင်နေရင်လဲ ကိစ္စမရှိဘူး။ သူ မသေဝံ့တဲ့အထိ မင်း ကြိမ်းမောင်းလို့ရတယ်။ငါ့မှာ 0937ဆေးရှိသေးတယ်။ ဒီတစ်ခါ တောင်းပန်တဲ့အနေနဲ့ အခမဲ့။ "