『Unicode』
လီယန်မှာ လုလျန်နင်၏ အပွေ့အဖက်ကို မရုန်းမပြုနှင့် ခံနေရသည်။ သူ့မျက်လုံးတွေက တစ်ဝက်စင်းကျလျက် အလွန်အားနည်းနေဟန်ပင်။ သူသည် ပြိုလဲလုတဲတဲအသံဖြင့် ဆိုသည် : " ငါ တကယ် မင်းကို သည်းမခံနိုင်တော့ဘူး။ ဒီလိုမျိုးဆိုဘယ်သူမှလဲ မင်းကို သည်းခံနိုင်မှာမဟုတ်ဘူး။ "
လုလျန်နင်၏ လက်များမှာ ချက်ချင်း တင်းကြပ်သွားသည်။ ထိုအခါ လီယန်၏ ခန္ဓာကိုယ်မှာလည်း ရုတ်တရက် ကျုံ့သွားကာ လည်ချောင်းမှ မသဲမကွဲအသံတစ်ခွက်ထွက်လာ၏။ လည်ပင်းမှ ဒဏ်ရာကြောင့် ဖြစ်ပုံရသည်။
လုလျန်နင်၏ မျက်နှာမှာ ကြိမ်ဖန်များစွာပြောင်းလဲနေလျက်။သူသည် လျာဖျားတွင်ရှိနေသော မကောင်းသည့်စကားများကို ပြန်မျိုချလိုက်ရသည်။ သူသည် သူနှင့်မျက်လုံးချင်းတည့်တည့်မဆုံလိုသည့် ရင်ခွင်ထဲမှ လီယန့်ကို ကြည့်ရင်း သူ့ဦးနှောက်က သေချာပြန်မကောင်းသေးဘူးလားဟု တွေးမိလာသည်။ သူက လုလျန်နင်၏ " ငါမင်းကို နာအောင်လုပ်မိသွားလား " ဟူသည့်စကားကို " ငါမင်းကို ထပ်ကိုက်ချင်တယ် " ဟု ကြားလေသည်။
ထို့နောက် လုလျန်နင်ကို ထိုသို့သော စကားကြမ်းများပြောဆိုခဲ့သည်။
ထိုနေ့ကတည်းက လီယန် စိတ်အခြေအနေမကောင်းဖြစ်ခဲ့ပြီး အပြင်မထွက်ပဲ အိမ်မှာ ရက်အနည်းငယ်မျှ နေထိုင်ခဲ့၏။ယင်းက တကယ်ပင် မူမမှန်လှ။
အိမ်တော်ထိန်းမှာ လုလျန်နင်၏ ခေါင်းညိတ်မှုကို ရရှိပြီးနောက် လီယန့်ကို တီဗွီကြည့်ချင်သလားဟု အကြံပြုလာသည်။
လီယန်မှာ ဆိုဖာပေါ်တွင် ကိုယ်တစ်ဝက်မှီ၍ တီဗွီကြည့်နေပြီး ရံဖန်ရံခါ အိမ်တော်ထိန်း ယူလာပေးသော အဆာပြေသစ်သီးကို ပါးစပ်ထဲ ထည့်သွင်းနေလိုက်သည်။
အိမ်တော်ထိန်း ခြံပြင်သို့ ထွက်သွားစဉ် လီယန်သည် ရမုဒ်ကွန်ထရိုးကို ဆွဲယူလိုက်သည်။ သူသည် ချန်နယ်ပြောင်းလိုက်ပြီး မင်္ဂလာပွဲကျင်းပမည့်အချိန်ကဲ့သို့သော လုလျန်နင်နှင့်စုန့်ရွမ်၏ စေ့စပ်ပွဲနှင့်သက်ဆိုင်ရာသတင်းများကို ကြိုးစားရှာဖွေကြည့်လိုက်သည်။