『Unicode』
《Broken Window》သည် သည် ယွီရန်မှ လမ်းပြရိုက်ကူးသည့် ရုပ်ရှင်လက်ရာကြီး ဖြစ်လေရာ ၊ ပုံမှန်အလျောက် ၎င်းသည် လုပ်ငန်းစဉ်အတွက် ပြေးလွှားနေရမည့် စီးပွားရေး IPကြီးဖြစ်သည့် ဒါရိုက်တာရန်ချီ ရိုက်ကူးသော《Floating Jade》 နှင့် ကွဲပြားသည်။
ယွီရန်မှာ ရန်ချီလောက် မပြေပြစ်ချေ။ လုလျန်နင်၏ သရုပ်ဆောင်စွမ်းရည်က ဆိုးရွားသည်ဟု သူ ခံစားရလျှင် တိုက်ရိုက်မပြောပဲ ပိုးစာပင်ကို ထိုး၍ ထနောင်းပင်အား ဆဲပြတတ်သည်*။ ထို့ကြောင့် လုလျန်နင်မှာ ကြားတိုင်း ဒေါသပေါက်ကွဲမရဖြစ်နေတော့သည်။
( သွယ်ဝိုက်ပြီးစောင်းမြောင်းပြောတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ )
သို့သော် ယွီရန်ကတော့ မတူချေ။ သူ့အသံမှာ မကျယ်သော်ငြား အလွန်ရက်စက်ကာ အကြင်နာမဲ့၏။
လုလျန်နင်သည် 《Brokoen Window》မှ ဇာတ်ကောင်နှင့် လုံးလုံးလျားလျားကွာခြား၏။ အနှီဇာတ်ရုပ်အား ပုံဖော်ရန်အတွက်ဖြင့်ပင် အများကြီး ခံစားခဲ့ရသည်။ အနှီ မျက်တွင်းကျ၍ ဖျော့တော့သည့်အသွင်များကြောင့် မကြာခဏဆိုသလိုညဘက် ဗိုက်ဆာ၍ လန့်နိုးတတ်လာသည်။ နေ့ခင်းတွင်လည်း အာရုံမစိုက်နိုင်သဖြင့် ဇာတ်ရုပ်အတွင်း မဝင်နိုင်ဖြစ်ခဲ့ရ၏။
ထိုနေ့က ရိုက်ကွင်းတစ်ခုကို ငါးကြိမ်မျှ အပ်ကြောင်းထပ်နေခဲ့သဖြင့် ယွီရန်သည် လုလျန်နင်၏ အစောပိုင်းရိုက်ကွက်အားလူအများရှေ့မှောက်မှာ တိုက်ရိုက်ဝေဖန်တော့၏။ သူဟာ မတန်ဟု ဆိုခဲ့လေသည်။လုလျန်နင်၏ တီရှပ်အဖြူမှာ ဆေးများဖြင့် ဖုံးနေပြီး အနံအသက်လဲ မကောင်းပေ။ သူ သည်းမခံနိုင်တော့၍ ယွီရန်နှင့် စတင် အချင်းများလေတော့သည်။အနုပညာနှင့် ချိတ်ဆက်ထားသော ယွီမိသားစု၏ အငယ်ဆုံးသားဟာ လုမိသားစုအား ဒေါကန်ပြနေခြင်း။ ထိုနေရာ၌ ရန်ချီလည်း မရှိသဖြင့် မည်သူမှ သူတို့ကို မဖြောင့်ဖြဝံ့ကြပေ။
လုလျန်နင်သည် ဒေါသတကြီးဖြင့် ရိုက်ကူးရေးရပ်မည်ဟု ခြိမ်းခြောက်ကာ ယွီရန်၏ ခြေရင်းသို့ လက်ထဲမှ Dialogue တွေကို ပစ်ပေါက်ပြီး အခြားလူရှာရန် ပြောလေသည်။