『Unicode』
ချီကျန့်ဘက်၌ အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွား၏။ ဟိုတယ်ဝန်ထမ်းများနှင့် လူတစ်စုက အရက်ပုလင်းကွဲသံနဲ့အောက်သို့လဲကျသံများ ကြားလျှင် ကြားလိုက်ရလျှင် အပြေးရောက်လာကြသည်။
ချီကျန့်မျက်နှာဝယ် သွေးလွှမ်းနေခြင်းက သူ့မျက်နှာကို ထူးဆန်းစွာပင် ဖြူဖျော့၍ ကြောက်စရာကောင်းနေစေသည်။ လူတစ်စု၏ အာမေဍိတ်သံများအလယ် သူ ထွက်ပြေးသွားသော ပုံရိပ်ကိုသာ စိုက်ကြည့်နေခဲ့၏။ ပြ်ိးလျှင် လုအန်းလင် လီယန်နှင့်ပထမဆုံး ဆုံစဉ်က အလားတူစကားကိုသာ ပြောလိုက်သည် : " ဟန်ဆောင်ကောင်းတာပဲ။ "
လျို့ခ်ိုင်တို့မှာ ချီကျန့်၏ အသွင်အပြင်ကိုမြင်လျှင် အံ့ဩတကြီးလေသံများဖြင့်ဆိုသည် : " အဲ့ကလေးက မင်းကိုရ်ိုက်လိုက်တာလား ? ရဲတင်းလိုက်တာ ! မြန်မြန် သူ့နောက်က လိုက်သွားကြစမ်း ! ဒီကို ခေါ်ခဲ့ကြ ! "
" လူနာတင်ကားအရင်ခေါ်လိုက် ချီကျန့် ၊ မြန်မြန်..."
ချီကျန့်သည် လက်မြှောက်၍ မျက်နှာပေါ်က သွေးတွေကို ထိကြည့်လိုက်၏။ သူ့မြင်ကွင်းက အနည်းငယ် ဝေဝါးနေရာ သူမျက်လုံးကို ပြင်းပြင်းပွတ်လိုက်ပြီး သက်တော်စောင့်ကို ရပ်ဖို့ လက်မြှောက်ပြလိုက်သည် : " ပြန်လာခဲ့ ! မလိုက်နဲ့ ! အဲ့ဒါဒါရိုက်တာလုရဲ့ ရတနာလေးကွ ၊ ငါတို့က သူ့ကို ခြောက်လှန့်မိသွားရင် ဘယ်လိုလုပ်မလဲ။ "
ချီကျန့်သည် ပြုံးပင် ပြုံးလိုက်ပြီး ယခုမှ ရောက်လာသော လင်းချန်ကို ပြောလိုက်သည် : " သူက အားနင်ကိုပဲ ကြောက်တတ်တာကို မင်း သတိထားမိလား။ "
လင်းချန်သည် လီယန့်ကို အကြိမ်အချို့သာမြင်ဖူး၏။ သို့သော် လုလျန်နင်ရှေ့၌ ကျုံ့နေတတ်ပုံကိုကြည့်ခြင်းဖြင့် သူဟာလူ၏ ခေါင်းကို အရက်ပုလင်းနှင့်ရိုက်ခွဲမည့် လူမျိုးနှင့် တကယ် မတူပါချေ။
လီယန်သည် ခေါင်းမပါသော ယင်ကောင်ပမာ အကြာကြီး ပြေးနေခဲ့သည်။ အသက်ရှုမဝလျှင်ပင် သူ့မှာ မရပ်ဝံ့။ ရလဒ်ကတော့ သူ့နောက်တွင် ခြေသံများ မရှိတော့သည်ကို သိပါမှ သူ လားရာမသိပဲ အပြေးရပ်လိုက်၏။