『Unicode 』လီယန် တုံ့ဆိုင်းခြင်းမရှိ ဖန်လုံအိမ်သို့ သွားလိုက်သည်။ ဖန်လုံအိမ်မှာ အတော်လေးစိုထိုင်းထိုင်းဖြစ်နေလျက် ၊ တိမ်ထူ၍မိုးရွာနေသောကြောင်ဖြစ်မည်ထင်။
ဖောက်မြင်နေရသော မှန်အထက်မှ အုံ့မှိုင်းနေသည့် ကောင်းကင်ကြီးကို မြင်နေရပြီး မှန်ပေါ်သို့ မိုးတစ်စက်စက်ကျနေခြင်းက ကောင်းကင်ကို တဖြည်းဖြည်း ဝေဝါးလာစေပြီး မြင်ကွင်းထဲတွင် အရောင်ရှိ အတုံးငယ်များအဖြစ်သို့ ပြောင်းလဲသွား၏။
အိမ်တော်ထိန်းဝင်လာသောအခါ လီယန်တစ်ယောက် ဖန်လုံအိမ်ထဲက ဧည့်ထိုင်ခုံတွင် မလှုပ်မယှက်နှင့် လှဲသည်အား တွေ့လိုက်ရ၏။ သူလျှောက်သွားလိုက်သောအခါ လီယန်က မျက်စိမှိတ်နေခဲ့ကာ အဖျားကျသွားသည့်တိုင် ကောင်းမွန်သေးဟန်မပေါ်ပါချေ။
ဖန်လုံအိမ်ထဲရှိ ပန်းပင်တန်း တစ်ဝက်မျှလောက်သာ ရေလောင်းထားပြီး အနောက်ဖက်မှ အိုးတချို့အတွက်မူ ပို၍ပို၍စိတ်ပျက်သွားသည့်နှယ်။
အိမ်တော်ထိန်းက သူ့ကို စောင်ပါးလေးတစ်ထည်ခြုံပေးပြီး အသံတိတ်လျက် ထွက်ခွာသွားသည်။
_
ငွေမင်ရောင် Porsche က လမ်းဘေးတွင်ရပ်၍ ဟွန်းနှစ်ချက်တီးလိုက်၏။
ယင်းက လောင်ယွဲ့ကို တုန်ခနဲ့ဖြစ်သွားစေပြီိး အတားပေါ်တွင် ထိုင်နေသော လီယန်လဲ လန့်ဖျပ်သွားရသည်။
အနက်ရောင် ကားပြတင်းက လျှောဆင်းလာ၍ လင်းရှန်းမျက်နှာပေါ်လာ၏။ သူ့အမူအရာက မည်သို့လဲ မပြောနိုင်။ သူကလီယန့်ကို ကြည့်၍သာမေးသည် : " မင်းဘာလို့ မြို့တော် ဘတ်စကက်ဘောဗိုလ်လုပွဲကို မသွားတာလဲ ? "
လီယန်က ခေါင်းမော့၍ ရှက်ဝဲဝဲပြုံးပြလိုက်ပြီး : " ငါ ဒီရက်တွေမှာ နေမကောင်းဖြစ်နေလို့ ၊အပြင်မထွက်ပဲ အိမ်မှာ နားနေလိုက်တာ "
လင်းရှန်း၏အမူအရာက အနည်းငယ်ပြောင်းလဲသွားလျက် ၊ သူ့စိတ်ထဲတွင် မည်သည်ကို တွေးနေမှန်း မသိရပေ။
" ကားထဲဝင်လေ ဒီနားမှာ ကားရပ်စရာမရှိဘူး " လင်းရှန်းသည် မျက်မှောင်ကြုတ်ထားပြီး နောက်ကြည့်မှန်မှတဆင့်အနောက်မှ တခြားကား လာနေသည်ကို တွေ့လိုက်ရသည်။