『Unicode』
ချန်မြောင်နှင့် လုလျန်နင်တို့ ဝန်လေးစွာနှင့်ပြန်လည်သင့်မြတ်ရုံမျှဖြစ်ခဲ့သည်။
ဝန်လေးစွာ ' ဟူသော အဓိပ္ပာယ်က အဘယ်နည်း ?
ဝန်လေးစွာ ဟူသည်မှာ လုလျန်နင်သည် ချန်မြောင့်ကို သူ့ဘေး၌ အလုပ်ဆက်လုပ်ခိုင်းသည့်တိုင် ယခင်လို လူကို ကိရိယာတွေပမာ စိတ်ခံစားချက်မပါစွာ ပြုမူဆက်ဆံသည်များထက် ကိစ္စတွေကို ပိုမို ခက်ခဲအောင် ပြုလုပ်လာသည်ဟု သတ်မှတ်ရမည်ဖြစ်သောကြောင့်ပင်။
" ချန်မြောင် ! ဒါ ဘာလက်ဖက်ရည်လဲ ? ! မင်းငါ့ကို ပူပြီး သေအောင်လုပ်နေတာလား ! "
ချန်မြောင်မှာ ပြေးကာ နောက်တစ်ခွက်လဲပေးပြီး လုလျန်နင်ကို ကမ်းပေးရသည်။
လုလျန်နင်က တစ်ငုံမျှသာသောက်ပြီး ပြန်ထွေးထုတ်ပစ်၏ : " အေးစက်ပြီး ချိုအီနေတာပဲ ! သွန်ပစ်ပြီး ထပ်ကျိုပေး ! "
ချန်မြောင်မှာ ပြေးကာ ထပ်ကျိုရပြန်၏။
ထို့နောက်တွင် စားပွဲပေါ် ဖန်ခွက်ကို အသံမြည်အောင် တင်လိုက်သည့် အသံထွက်လာသည် : " ငါ ပန်းလက်ဖက်ရည်တွေမသောက်ဘူး "
ယခင်တုန်းက ထိုထိုသော ပန်းလက်ဖက်ရည်ခွက်အားလုံးကို သောက်ပစ်ခဲ့သည့်ဗိုက်က ဘယ်သူ့ဟာမို့လို့လဲ ?
လက်ဖက်ရည်လေးတစ်ခွက်နှင့် ချန်မြောင် အသက်မရှုနိုင်အောင် ပြေးလွှားနေခဲ့ရပြီး နောက်ဆုံး လုလျန်နင်၏ ရိုက်ကူးရေးအလှည့်ကျပါမှ သက်သာရာရတော့သည်။
အစာစားချိန်ရောက်သောအခါ ချန်မြောင်မှာ ချက်ပြုတ်ပြီး ယူသွားပေးရသည်။ လုလျန်နင်က မျက်လွှာချ၍ နှစ်ကိုက်မျှသာစားပြီး တူကို ချလိုက်ပြန်သည် : " ဆားငန်တယ် "
ချန်မြောင် သူ့ဘေးမှ စွပ်ပြုတ်ကို ဖွင့်ပြီး သူ့ထံတိုးပေးလိုက်သည်။ ဆောင်းတွင်း၌ ချွေးထုတ်ခန်းမှ ထွက်လာသကဲ့သို့ သူ့နဖူးတွင် ချွေးပြန်နေ၏။
လုလျန်နင်က တစ်ကျိုက်သောက်ပြီး စောဒကတက်သည် : " ညှီတယ် ငါမသောက်နိုင်ဘူး "