『Unicode』
ငါးရက်ကျော်နေပြီဟု ချန်ယွိ သူ့ဘာသာ တွေးမိလိုက်သည်။ သူ လီယန့်ဖုန်းနံပါတ်ကို ကြိမ်ဖန်များစွာခေါ်မိ၏။ များလွန်းလို့ သူပင် မရေနိုင်တော့ ၊ သို့တိုင် ဖုန်းက အမြဲတစေ ပိတ်ထားလေသည်။
ယနေ့မူ ၇ရက်မြောက်နေ့ ဖြစ်ကောင်းဖြစ်မည်။ လီယန့်၏ သတင်းကို မကြားရသည်မှာ တစ်ပတ်တင်းတင်း။
သို့သော် လီယန်က အစောင့်ကို ငွေတွေအများကြီး ပေးခဲ့၏။ ချန်ယွိသည် ဝီးချဲပေါ်တွင်ထိုင်နေပြီး အလွန်အားနည်းနေဆဲ။သို့သော် ယနေ့မှ အထူးတလယ် နေသာနေ၍လား ၊ သူအများကြီး ပိုကောင်းလာဟန်ပေါ်၏။
ဆေးရုံဥယျာဉ်၏ စိမ်းစိုနေသည့်မြက်ခင်းပြင်၌ ချန်ယွိက မေးထောက်၍ အဝေးမှ ပြေးနေသော ကလေးကို စိုက်ကြည့်နေ၏။ ကလေးက မိုးပျံပူဖောင်းကို ကိုင်ထားပြီး သူမအရှေ့ရှိ သူ့အမေက ပြုံးလျက် သူမထံ လက်လှမ်းထားကာဖြည်းဖြည်းပြေးရန် ပြောနေခဲ့သည်။
ထိုအချိန်၌ ရုတ်တရက် အရပ်ရှည်၍ သွယ်လျသော Alphaတစ်ယောက် အရှေ့မှ ဝင်ပေါက် ဘေးတွင် ပေါ်လာခဲ့သည်။သူက မျက်နှာတစ်ဝက်ဖုံးနေသော နေကာမျက်မှန်ကို တပ်ထား၏။ တစ်ဝက်ပေါ်နေသော မျက်နှာ၌လည်း ပြီးပြည့်စုံသည့်မေးရိုးနှင့် လှပစွာ တွန့်ကွေးနေသော နှုတ်ခမ်းတို့က ပေါ်နေခဲ့သည်။
alpha၏ အနောက်၌ အနက်ရောင်ဝတ်စုံပြည့် ဝတ်ထားသော သီးသန့်လုံခြုံရေး နှစ်ယောက်ရှိသည်။ ချန်ယွိမှာ ထိုသုံးယောက် သူ့ထံ တည့်တည့်လျှောက်လာသည့်တိုင် မည်သည်မှ မှားယွင်းနေသည်ဟု မခံစားခဲ့ရပေ။
အရင်ဆုံး သူနာပြုက သူ့ကို လက်လှမ်း၍ အနည်းငယ် ကိုင်းကာ ဆိုသည်။ " လူကြီးမင်းချန် ၊ ရှင် သူ့ကို သိလား ? ရှင့်ကိုလာရှာနေတယ် ? "
သူမ ချန်ယွိကို စောင့်ရှောက်ပေးကတည်းက မည်သူမှ သူထံ လာ မလည်ပတ်ဖူးမှန်း သိနေခဲ့၏။
ချန်ယွိက အမူအရာကို ထိန်း၍ ပုံမှန်မေးထောက်ထားစည့်လက်ကို ဝီးချဲလ် လက်ရန်းပေါ်တင်လိုက်သည်။ခံ့ညားထည်ဝါလှသည့် Alphaက သူ့အရှေ့ လျှောက်လာပြီးဖြစ်ကာ ကျိန်းသေလှသည့်တိုင် မဖော်ပြနိုင်စွာ အလေးအနက်မထားသည့်လေသံမျိုးဖြင့် ဆိုသည်။ " ချန်ယွိ ? "