『Unicode』
လုကျယ်ရွေ့သည် မျက်လုံးများမှ လွဲ၍ လုလျန်နင်နှင့် အလွန်ဆင်သည်။ လုလျန်နင်၏ အသေးဆိုဒ် ပုံတူလေးဟု ပြောလို့ရ၏။ လီယန့်၏ မျက်လုံးများနှင့် ဆင်သော အတန်ငယ်ဝိုင်းသည့်မျက်ဝန်းများကိုမူ လုအန်းလင်က မနှစ်မြို့ဆုံးပင်။ထိုသို့သော မျက်ဝန်းများက အလွန်အပြစ်ကင်းဟန်ပေါ်ကာ မူလဘူတ သာလွန်သူတစ်ယောက်နှင့် မသင့်တော်ပဲ ကိစ္စတွေကို ဖုံးကွယ်၍ မရဟု သူကခံစားရ၏။
သောကြာနေ့၌ လုကျယ်ရွေ့သည် ဧည့်ခန်းထဲတွင် ကာတွန်းကြည့်နေခဲ့သည်။ ကာတွန်းမှာ ဇာတ်ဆောင်၏မိခင်ဖြစ်သူကသူ့ကို အိပ်ယာဘေး၌ ပုံပြင်ပြောပြသည့် ဗီဒီယိုဖိုင်တစ်ခုပင်။ လုအန်းလင်က ထိုသည်ကိုမြင်လျှင် ရီမုဒ်ဖြင့် ပိတ်လိုက်သည်။
သူ့ကို အိမ်ဆောက်ဘလောက်တုံးများနှင်သာ ဆော့ခိုင်းတော့၏။ လုကျယ်ရွေ့မှာ သိပ်မပျော်ရွှင်သော်ငြား လုအန်းလင်၏မျက်နှာက အနည်းငယ် ကြောက်စရာကောင်းနေခဲ့သည်။ သူလည်း ကလေးတစ်ယောက်ပေ။ ထို့အပြင် လုအန်းလင်၏အရှိန်အဝါကို မဖိနှိပ်နိုင်သဖြင့် နောက်ဆုံး သူ ဒေါသတကြီးဖြင့် : " သား အိမ်ပြန်ချင်တယ်။ ဒီမှာ ထပ် မနေတော့ဘူး "
သူသည် သူ၏ စာဖတ်ခန်းထဲသွားလိုက်ပြီး စာအုပ်များကို ထုတ်ကာ သူ့ကျောပိုးအိတ်ထဲ ထိုးထည့်သည်။ အဝါဖျော့ရောင်အိတ်ငယ်လေးပါသည့် နက်ပြာရောင် ကျောပိုးအိတ်တွင် ရှုပ်ယှက်ခတ်နေသည့် အရုပ်များ ၊ သံလိုက်အိမ်မြှောင်တစ်ခု ၊ပန်းခြောက်များနှင့် ခရုခွံများပါရှိလေသည်။
ယခုအခါ သူက ပုံပြင်စာအုပ်နှစ်အုပ်ထက်ပိုပြီး ထည့်လိုက်၏။ စာအုပ်များက အနည်းငယ် ကြီးသဖြင့် သူ ဖြစ်သလိုခေါက်ပြီး ထိုးထည့်လိုက်သည်။
ညနေခင်း၌ လုလျန်နင်က သူ့ကို လာမကြိုခဲ့ပေ။ အိမ်တော်ထိန်းက ပုံမှန်အတိုင်း ဖျော်ရည်လာပို့ပေးသောအခါ သူ အိမ်တော်ထိန်းကိုမေးလိုက်သည် : " သားတို့ ဘယ်အချိန် ထွက်သွားမှာလဲ။ "
အိမ်တော်ထိန်း : " မနက်ဖြန် မွန်းလွဲ "
နှစ်ယောက်သား ကုတင်ခေါင်းရင်းတွင် ခေါင်းချင်းဆိုင်ထားပြီး လုကျယ်ရွေ့က အိမ်တော်ထိန်းကို သတိပေးသည်။ " မမေ့နဲ့နော် "