『Unicode』
သူ လီယန့်ကို အခန်းထဲမှ သယ်ထုတ်လာခဲ့ပြီး ပထမဆုံးည၌ လုလျန်နင်မှာ မည်သည့် မှားယွင်းမှုမှ ရှာမတွေ့ခဲ့ပေ။
သူ သူ့ကို အိပ်ခန်းထဲသို့ ပို့ပေး၍ ညဘက် အနည်းငယ် နောက်ကျမှ ပြန်ရောက်လာခဲ့သည်။
လီယန်သည် စောင်ထဲတွင် ကွေးလျက် မျက်လွှာချထားပြီး အနည်းငယ် အသက်မဲ့နေဟန်ပေါ်၏။
လုလျန်နင်က ရေချိုးပြီးနောက် မီးများကို ပိတ်လိုက်သည်။ သို့သော် သူမမျှော်လင့်ထားသည်မှာ သူ စောင် မ,လိုက်သည်နှင့် လီယန်ကရောက်လာခဲ့ခြင်းပင်။ သူသည် အသက်ရှုနှုန်းတွေ အလွန်မြန်နေပြီး အနည်းငယ် စိုးထိတ်နေသည်ပုံဖြစ်နေသည့်တိုင် မည်သည့်အသံမှ ထွက်မလာပေ။
လုလျန်နင်က သူ့ကို လက်လှမ်းထိလိုက်လျှင် သူက တစ်ဖန် ရှောင်လိုက်ပြန်၏။
သို့သည့်တိုင် သူ့ခန္ဓာကိုယ်က လုလျန်နင်ကို ထိတွေ့စေချင်နေသေးသည်။
လုလျန်နင်သည် အပြင်တွင် တစ်နေကုန် အလုပ်လုပ်ခဲ့ရ၍ အနည်းငယ် စိတ်ပျက်နေနှင့်ပြီးသားပင်။ လီယန် ဤသို့အချိန်ဆွဲနေသည်ကို မည်သို့ သည်းခံနိုင်မည်နည်း ? လီယန်က ယခုမှ ထိုအခန်းထဲက ထွက်လာသဖြင့် တစ်ညတာအနားယူခွင့်ပေးမည်ဟူသော မူလအတွေးမှာလဲ ပျောက်ကွယ်သွားပြီဖြစ်၏။
သူက စိတ်မရှည်စွာဖြင့် လီယန့်ကို သူ့အောက် ဆွဲသွင်းလိုက်သည်။ " အလုပ်...ခံချင်နေတာလား။ "
လီယန်သည် အမှောင်ထဲ၌ နှုတ်ခမ်းကို စေ့စေ့ပိတ်ထား၏။ မျိုသိပ်ထားသည့် ညည်းသံတစ်ချက်က သူ့လည်ချောင်းမှထွက်လာခဲ့ပြီး လုလျန်နင်၏ သိပ်-မနူးညံ့-ပါသော လှုပ်ရှားချက်များကို မျက်လုံးပွင့်လျက်သားဖြင့် သည်းခံနေခဲ့သည်။
နောက်တစ်နေ့၌ လုလျန်နင်နိုးလာသောအခါ လီယန်၏ ဆံပင်တွေ အနည်းငယ်ရှည်နေပြီး မျက်လုံးကို အုပ်၍ အနည်းငယ်ရှုပ်ပွနေမှန်း မြင်လိုက်ရသည်။
ကုတင်ပေါ်တွင် ဘေးတိုက်လှဲလျက် လုလျန်နင်သည် သူ့ဆံပင်တွေကို လက်ဖြင့် နှစ်ချက်မျှ ဆော့ကစားလိုက်၏။ဘထို့နောက် တစ်နည်းတစ်ဖုံဆိုသလို သူ မကြိုက်တော့ပြန်သဖြင့် လီယန့်ကို ပြန်နှိုးကာ ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားလေသည်။