『Unicode』
မဟုတ်သေးဘူး။တစ်ခုခုကတော့ မှားနေပြီ။
ချီကျန့်သည် ကားတံခါးလက်ကိုင်ပေါ်က သွေးများကို ကြည့်ရင်း မျက်တောင်ခတ်လိုက်မိ၏။ ယင်းသည် သူ့နဖူးမှ သွေးတွေစီးကျ၍ မျက်တောင်ပေါ်တွင် ကပ်နေသော သွေးစတွေဖြစ်မည်ဟု ထင်လိုက်မိသည်။
သူတိုးကပ်သွားပြီး လက်နှင့်ထိကြည့်လိုက်ကပါမှ ယင်းက တံခါးလက်ကိုင်တွင်ရှိသော သွေးစများဖြစ်မှန်း သေချာသွားခဲ့သည်။
ယခုမှ လီယန်က တံခါးကိုဖွင့်ပြီး ထိုနေရာကနေ ထွက်သွားခဲ့ခြင်း။
သူ ဒဏ်ရာရသွားသည်။
ထိုစာကြောင့် ချီကျန့်စိတ်ထဲမှာ ပေါ်လာသောအခါ သူ့မျက်နှာပေါ်က အပြုံးမှာ ပျောက်ကွယ်သွားပြီး တဖြည်းဖြည်းနှင့်ငြိမ်သက်သွားတော့၏။
မှားယွင်းနေရုံတင်မက ၊ လီယန့်ကို ချီကျန့် ပထမဆုံးတွေ့ချိန်ကတည်းက သူဟာ ယခင်က လုလျန်နင်အား ကပ်တွယ်ခဲ့ကြသည့် အနှီလူတစ်သိုက်နှင့် ကွဲပြားသလို ခံစားခဲ့ရသည်။
အရောင်အသွေးက မတောက်ပြောင်သလို အသက်မဝင်၊ စိတ်ဝင်စားစရာလဲ မကောင်း။ တစ်ကိုယ်လုံးကလဲ ခဲရောင်ဖြစ်နေ၏။
လုလျန်နင်နှင့် အတူရှိနေလျှင် မြင့်မြတ်၍ မာနဝင့်သော ကြောင်ကမီးခိုးရောင်ငှက်တစ်ကောင်အား ပါးစပ်ထဲမှာ ခဲ,ထားသကဲ့သို့ဖြစ်နေသည်။အားဖြင့် တစ်ကိုက်ကိုက်ရုံနှင့် အသေသတ်နိုင်သည်မှာ သိသာပါလျက် ၊ ယင်းက တဖျပ်ဖျပ်ခတ်ပျံ၍ ပါးစပ်မှ ထွက်ကျကာ ခန္ဓာကိုယ်ဝယ် တံတွေးရည်များဖြင့်လူးနေသည့်တိုင် လက်ရာခြေရာဟူသည်မျိုးမရှိပါချေ။
ထို့ကြောင့် ချီကျန့်တွေးမိသည် ၊ ဘယ်လိုလုပ်ရင် သူ ဒါကို ဖျက်စီးနိူင်မှာလဲ ?
သူ လီယန့်ကို မဖျက်စီးနိုင်သလို လုအန်းလင်လဲ မဖျက်စီးနိုင်ပေ။ မည်သူကမှ လုလျန်နင်၏ လီယန့်အပေါ်စိတ်ဝင်စားမှုကို အမှန်တကယ် လက်လျှော့သွားအောင် မလုပ်န်ိုင်ကြ။ ဆိုလျှင် သူဘာလုပ်သင့်လဲ ?