Chapter - 67

1.2K 254 11
                                    

『Unicode』



လုလျန်နင်အဖို့ လီယန်ဟာ အချို့သော ကဏ္ဍများမှာ အမှန်တကယ် အံ့ဩလောက်စရာဖြစ်သည်ဟု ခံစားရသည်။

သူ လုလျန်နင်ကို လျစ်လျူရှု့ထားကြောင်း ဘယ်သောအခါမှ ထည့်မပြောသော်လည်း စကားတိုင်းက လုလျန်နင့်အပေါ်သူ​၏ လျစ်လျူရှုထားမှုကို ပြောပြနေသည်မျိူး။

လုလျန်နင်က သူနှင့် စုန့်ရွမ်တို့ ကုတင်ပေါ်မှာ အိပ်နေစဉ် လီယန့်ကို ကုတင်အောက်မှာ အိပ်ဖို့ ခြိမ်းခြောက်သည့်သော်ငြားသည်ကိစ္စ၌ လီယန် ဂရုစိုက်ဆုံးအရာမှာ သူ တခြားသူနှင့် အိပ်တာမဟုတ်သည်မျိူး။

နောက်တစ်နေ့၌ လုလျန်နင် ကုမ္ပဏီ မသွားပဲ ခန္ဓာကိုယ်အတူစစ်ဆေးရန် လီယန်ကိုခေါ်သွားခဲ့သည်။

လီယန်မှာ လမ်းတစ်လျှောက်လုံး တင်ပါးပေါ်တွင် သံရိုက်ထားသည့်နှယ်။ နောက်ဆုံး သူ သည်းမခံနိုင်တော့ပဲ လုလျန်နင်ကို သွားမေးလိုက်​၏။ " ဒီနှစ်အတွက်က စစ်ပြီးပြီမဟုတ်လား။ ဘာလို့ ထပ်ပြီးစစ်မှာလဲ။ "

လုလျန်နင်က ဖုန်းကို ခေါက်တုံ့ခေါက်ပြန်ပွတ်ဆွဲရင်း မည်သည်ကို ကြည့်နေသလဲမသိ။ သူက ပုံမှန်လို ပြောလာသည် : " မင်း ဦးနှောက်က ကောင်းကောင်းပြန်နလံမထူသေးဘူးထင်လို့ ၊ စစ်ကြည့်တာ "

_

ရုံးခန်းထဲ၌ ကျန်းကျစ်မှာ လုလျန်နင်တစ်ယောက် ရုံးခန်းစားပွဲအား မှီ၍ မျက်လုံးပင့် မေးသည်ကို ကြည့်နေရသည်။ " ဘယ်လိုလဲ။ "

" အဆင်ပြေတယ်။ အရမ်းကြီးမဆိုးဘူး။ " ကျန်းကျစ်က လက်ထဲရှိ စစ်ဆေးချက်ဇယားကို လှန်ရင်း အနည်းငယ်လည်းထူးဆန်းနေသည်။ " မင်းဘာလို့ သူ့ကို ရုတ်တရက်ကြီး ပြန်စစ်ဆေးပေးဖို့ခေါ်လာတာလဲ။ "

လုလျန်နင်က ခဏမျှတိတ်နေပြီးမှ ဆိုသည်။ " ငါတို့ ကလေးယူတော့မယ်။ "

ကျန်းကျစ်လည်း အကြောင်းအရင်းမဲ့စွာ ပါးစပ်ဟသွား​၏ : " မင်းတို့ ? "

ကျန်းကျစ်​၏ အကြည့်အောက်၌ လုလျန်နင်သည် ကိုယ်အလေးချိန်ကို အခြားခြေထောက်တစ်ဖက်နှင့် အားပြုလိုက်ပြီးအမှန်ပြင်ပေးလာသည်။ " ငါ လီယန်နဲ့ ကလေးယူတော့မယ် "

အမှောင်မြစ်ခွင်း အလင်းတည်ရာ || ဘာသာပြန် ||『Completed』Where stories live. Discover now