Chapter - 44

2.1K 315 45
                                    

『Unicode 』



လုလျန်နင်အိမ်ပြန်ရောက်သောအခါ လီယန်က အိပ်ခန်းထဲမှထွက်လာ​၏။ မျက်နှာ၌ အယောင်လျော့ကျသွားပြီဖြစ်ကာမျက်ခွံပေါ်က ပတ်တီးကိုလဲ ဖယ်လိုက်ပြီးသည့်တိုင် လတ်လတ်ဆတ်ဆတ် အမာရွတ်ကျန်နေပြီပင်။ သူ့ မျက်ခွံအထက်၌သိသိသာသာထင်ရှားနေသော သွေးရောင်အနာဖေးတစ်ခုရှိနေပါ​၏။

လုလျန်နင်က ညနေ ၁၀နာရီဝန်းကျင်တွင် ပြန်လာခဲ့သည်။ သူ တံခါးမှ ဝင်လာချိန်၌ လူတစ်ယောက်က သူ့ကုတ်အင်္ကျီကိုလာယူသည်။ ဧည့်ခန်းထဲရှိ လူတစ်ယောက်က စားပွဲရှည်ကြီးတွင် ဟင်းလျာတွေကို စတင်ပြင်ဆင်ပေးလာသည်။ လီယန်လုလျန်နင်ကို မြင်သောအခါ သူက အနည်းငယ်ပင်ပန်းနေပုံရသည့်တိုင် စိတ်နေစိတ်ထားကတော့ မဖော်ပြနိူငိလောက်အောင် ခက်ထန်နေဆဲပင်။

သည်ရက်တွေအတွင်း သူ လုလျန်နင်ကို မြင်ရခဲ,​၏။ သူက စောစောထွက်သွားပြီး နောက်ကျမှ ပြန်လာတတ်သည်။မည်သည်တို့နှင့် အလုပ်များနေသည်လဲ မသိရ။ ရုတ်တရက် လုလျန်နင်​၏ အိမ်၌ သူမသိသော လူများစွာရောက်လာခဲ့ပြီးတံခါးကို စောင့်ကြပ်နေရာ လီယန်မှာ ထွက်ခွင့်မကြုံနိုင်ပေ။ ယခု သူ လုလျန်နင် တစ်ကြိမ်မျှစောစောပြန်လာသည်အားအမိဖမ်းနိုင်လိုက်၍ လီယန် ချက်ချင်း အိပ်ခန်းထဲမှ ပြေးထွက်လာခဲ့တော့​၏။

သူ့ကို ယခု လွှတ်မပေးခြင်းနှင့်ပတ်သတ်၍ လုလျန်နင်က မည်သည်ကို ဆိုလိုနေခြင်းလဲ သူ တကယ် နားမလည်ပေ။ သိုသော် လုလျန်နင်က ယခုတလော သူ့ကို အာရုံမပေးချင်သည့်ပုံ။ လွန်ခဲ့သည့်ရက်များတုန်းက လီယန်အတွက် အိပ်ရာထက်အိပ်ခဲ့ရသည်က အဆင်ပြေသော်လည်း ယခု သူ့ခန္ဓာကိုယ်ကကောင်းမွန်လုနီးပါးဖြစ်လာ၍ ထွက်သွားဖို့က ပုံမှန်အတိုင်းဖြစ်လာ​၏။

ချန်ယွိက သူ့ကို တစ်ကြိမ်ဖုန်းခေါ်လာပြီးနောက် လုလျန်နင်က ဖုန်းချ၍ သူ့ဖုန်းကို ယူသွားခဲ့သည်။ လီယန်သည်အကောင်းဘက်ကတွေးပြီး ချန်ယွိ​၏ ခွဲစိတ်မှုက ပြဿနာကြီးကြီးမားမားမရှိလောက်ဟု တွေးထားမိလေသည်......

သူ ထမင်းစားပွဲနား တိုးကပ်သွားပါမှ လုလျန်နင်က သူ့ကို သတိပြုမိသွားပုံရပြီး မျက်ခွံပင့်ကာ မေး​၏။ " မင်းက မစားခဲ့ရသေးဘူးလား။ "

အမှောင်မြစ်ခွင်း အလင်းတည်ရာ || ဘာသာပြန် ||『Completed』Where stories live. Discover now