『Unicode』
" နောက်ကျရင် ငါတို့ အမဲသားခေါက်ဆွဲတူတူသွားစားလို့ရလား။ " လီယန်က မေးသည်။
လုလျန်နင်၏ ခံစားချက်များမှာ မငြိမ်သက်သေး။သူ မျက်လုံးရဲရဲများဖြင့် အက်ကွဲစွာဆိုလိုက်သည်။ " ရတယ် "
" ငါတို့တွေ ဘတ်စကတ်ဘောပွဲ အတူတူသွားလို့ရလားလား " လီယန်က ထပ်မေးသည်။
" အတူတူပဲ "
" ဒါဆို မင်းငါ့ကို အသံအကျယ်ကြီးနဲ့ စကားပြောဦးမှာလား။ " လီယန်က စဉ်းစဉ်းစားစားနှင့် မေးလိုက်သည်။
လုလျန်နင်က တိုးလျစွာဆို၏။ " တိတ်တိတ်လေးပဲ "
လီယန်က သူ့လက်ကို ဖြည်းဖြည်းချင်းဆန့်၍ ဖွင့်ပြလိုက်သည်။ သူ့လက်ဖဝါးထဲ၌ ချည်နီဖြင့် ယက်ဖွဲ့ထားသော လက်စွပ်နှစ်ကွင်း ရှိနေ၏။
သူက လုလျန်နင်၏ လက်ကို ဆွဲယူလိုက်ကာ လုလျန်နင်က ဝတ်ဆင်လိုက်သည်။
လုလျန်နင်သည် သူ့လက်ပေါ်က လက်စွပ်ကို မျက်ဝန်းရဲရဲများနှင့်ကြည့်လိုက်သည်။ သူ လီယန် မေးသည့်မေးခွန်းတွေကိုပြန်တွေးကြည့်မိသည် ၊ အနှီ ရိုးရှင်းသည့်အရာတွေကို လုပ်ရုံဖြင့် သူဟာ လီယန်နှင့်အတူတူ အောင်မြင်စွာရှိသွားနိုင်မည်လားဟူ၍။ သို့သော် လုလျန်နင်ဟာ သူ့ကို ဆယ်စုနှစ်များစွာတိုင် မအောင်မြင်ပဲ ရုန်းကန်နေခဲ့ရသည်။
နောက်တစ်နေ့၌ ရာသီဥတု ကြည်လင်သွားပြီဖြစ်သည်။
လုလျန်နင် ကားတံခါးကို ဖွင့်၍ လီယန့်ကို ပြန်ဖို့ပြောလိုက်၏။ သူက စီစဉ်ဖို့နှင့် အဝတ်အစားလဲဖို့ ပြန်သွားရန်ပြင်သည်။
သူသည် အိမ်ကို ပြန်လည်ပြုပြင်ရန် မြို့တော်Aသို့ပြန်သွားခဲ့ပြီး လီယန့်၏ နာကျင်စရာ အမှတ်တရများနှင့် ပြည့်နေသည့်အခန်းကို ဖြိုဖျက်လိုက်သည်။
သူသည် နောက်တစ်ကြိမ် ရေချိူးလိုက်ပြီး သူ့ကိုယ်သူ သန့်စင်လိုက်ပြီး လက်စွပ်နီလေးကို ခေါက်တုံခေါက်ပြန်အကြိမ်ကြိမ် လက်မြှောက်ကြည့်မိနေ၏။ သူသည် ကြည့်ရန် ချွတ်ဖို့ပြင်သည့်တိုင် တစ်ဝက်လောက်မှာပင် ပြန်တွန်းတင်မိလေသည်။