『Unicode』
ရှောင်းမင်မှာ အလွန်မူးနေပြီး ဖြူဖွေးလှသောမျက်နှာက ရဲနေ၏။ လုလျန်နင်၏ တည်ကြည်သော မျက်နှာကိုကြည့်ရင်းသူ့မျက်လုံးထဲတွင် မျက်ရည်များပြည့်လာသည်။
ညစာစားပြီးနောက် ရှောင်းမင်အကြာကြီး မနေတော့ပေ ၊ သူ စိတ်အခြေအနေတကယ်ဆိုးရွားနေသည်ဟု ထင်မိ၏။ လုလျန်နင်၏ ဆက်ဆံရေးကို ရပ်ဖို့ ရုတ်တရက်ဆုံးဖြတ်လိုက်ခြင်းက သူ့ကို အငိုက်မိစေသည်။ သူသည် ကိုယ်ပိုင် ခံစားချက်များအတွင်း နစ်မြှုပ်ရင်း သူ စကားပြောမှားခဲ့သည်သော်၎င်း ၊ လုလျန်နင်ကို သွားဆွမိသည်သော်၎င်း လုပ်ခဲ့မိသလားဟု ပြန်လည် အမှတ်ဖော်မိသည်။ သူ မည်သည်ကိုမှ အမှားမလုပ်ခဲ့သလို ခံစားရမိ၏။ သို့သော် လုလျန်နင်က သူ့အား ရိုးရိုးတန်းတန်းပင် ငြီးငွေ့သွားလေသည်။
ဤသို့သော နည်းဖြင့်တွေးကြည့်ပါက သူ ပိုလို့တောင် ထိတ်လန့်ရ၏။
စင်စစ်တွင်မူ သူဟာ ခေါင်းရှင်းရှင်းထားရန် မိမိကိုယ်ကို သတိပေးနေခဲ့သည်။ သို့သော် ဤအခိုက်အတန့်၌ သူ ဆို့နင့်ကာစိတ်ဓာတ်ကျနေရဆဲ။
ဘာပဲဖြစ်ဖြစ် ပိုက်ဆံကိုဖယ်ထား၍ လုလျန်နင်၏ မျက်နှာကို ကြည့်နေရရုံဖြင့် ၊ သူနှင့်အကြာကြီး အိပ်ခဲ့ပြီးနောက်မည်သူက မည်သူ့ကို အခွင့်အရေးယူနေသလဲ မသိတော့သလို ခံစားရ၏။
ရှောင်းမင် ညစာစားပြီးနောက် သူ ဒယီးဒယိုင်နှင့် ထရပ်လိုက်သည် ; မူးနေသည်မှာ သိသိသာသာပေ။
သူက တံခါးထံလျှောက်သွား၍ ပြုံးကာ လုလျန်နင်ကို နှုတ်ဆက်လိုက်၏။ ထို့နောက် ကားသော့ဖြင့် ထွက်သွားမည်ပြုသည်။
လုလျန်နင်ကမူ ခေါင်းတစ်ချက်သာညိတ်ကာ ဘာမှ မဆိုပေ။
တံခါးပိတ်သွားသံကို ကြားလိုက်ပါမှ ချန်မြောင် ရုတ်ခြည်းအသိဝင်လာ၏။
သူဟာ ဘေးမှာ ကြမ်းတိုက်နေခြင်းပင်။ သူ့ခြေထောက်အောက်မှ ကြမ်းပြင်မှာ ဆယ်မိနစ်နီးပါး အတိုက်ခံလိုက်ရ၍သန့်ရှင်းလွန်းလို့ အရောင်ပင်ပြန်နေချေပြီ။