『Unicode』
ထိုနေ့က လုမိသားစုရှိ လူအားလုံးတိတ်နေခဲ့ကြပြီး ပထမထပ်တွင် တုန်ယင်လျက် ဒုတိယထပ် မာစတာအိပ်ခန်းကျယ်ထံမှ ပျံ့လွင့်လာသည့် စိတ်မချမ်းသာဖွယ် အော်ဟစ်သံတွေကို နားထောင်ခဲ့ကြရသည်။ ခပ်တိုးတိုး ညည်းသံတွေမှ ထိန်းမရတော့သည့် ငိုရှုံ့သံများ ၊ အနှီ ပြတ်တောင်းပြတ်တောင်းနှင့် ငိုကြွေးသံတွေ ၊ လက်တွေ-မဆန်-လှသည့် တောင်းပန်သံတွေ...။
မနက် ၃ / ၄နာရီ၌ လုလျန်နင်သည် လူအများနှင့် အိမ်ပြန်ရောက်လာခဲ့ကာ ဝင်လာသည်နှင့် လူကိုပါခေါ်လာ၏။ ယခု နေ့အချိန် ညနေပင် စောင်းချေပြီ။ အိမ်အတွင်းရှိ လှုပ်ရှားသံတွေလဲ တဖြည်းဖြည်း အားပျော့ကာ မကြားရတော့။
ဤတစ်ကြိမ်၌ အိမ်တော်ထိန်းက သက်ပြင်းငွေ့ငွေ့ချလိုက်ပြီး လှည့်၍ သူ့အနောက်တွင် ဦးညွှတ်ထားသော အိမ်အကူအားပြောလိုက်သည်။ " ဒေါက်တာကျန်းကို ဖုန်းခေါ်ပြီး အိမ်လာခိုင်းလိုက်။ "
လီယန်တစ်ယောက် အိပ်ရာထဲတွင် လဝက်လောက် လှဲနေခဲ့ရပြီးမှ ထနိုင်ခဲ့သည်။ သူ အခန်းထဲမှ ထွက်သောအခါ သူ့ခန္ဓာကိုယ်က ပိန်လှီသွား၏။ သူသည် သူ့ခန္ဓာကိုယ်တွင် တင်ထားရုံမျှလိုဖြစ်နေသည့် ဂွမ်းသားPajamasလေးဖြင့် စင်္ကြံတွင်ရပ်နေလိုက်ရာ လေတိုက်ရုံမျှဖြင့် အလွယ်တကူ လွင့်ပါသွားတော့မည့်နှယ်။
အိမ်တော်ထိန်းက ပြတင်းပိတ်ပေးဖို့ သွားလိုက်သည်။ သူ ပြန်ရောက်လာသောအခါ လီယန်တစ်ယောက် စင်္ကြံမှာ မရှိတော့ပေ။
ခြံဝင်းထဲတွင် နံရံကျော်လာသည့် ကြောင်လေးတစ်ကောင်ရှိနေ၏။ အရောင်အသွေးက အလွန်လှပသည့်တိုင် အလွန်ပိန်လှသည်။
ပါးပြင်များ ပိန်လာသောအခါ လီယန့်၏ မျက်လုံးတွေမှာ ပိုကြီးလာသယောင်။ သူ လူကို စိုက်ကြည့်လိုက်ပါလျှင်အနည်းငယ်ပင် ကျောချမ်းစဖွယ်။ သူက လမ်းတစ်လျှောက်လုံး ဒယိမ်းဒယိုင်ဖြင့် ကြောင်နောက်သို့ လိုက်သွားခဲ့သည်။ထို့နောက် ဉာဏ်နီဉာဏ်နက်များသည့် ကြောင်လေးက ဒုတိယထပ်ထောင့်ရှိ အခန်းတွင်းသို့ ခိုးဝင်သွားသည်ကို သူမြင်လိုက်ရသည်။ တံခါးက အနည်းငယ်မျှသာ ပွင့်နေ၍ ကြောင်လေးဟာ ကြော့ကြော့မော့မော့လှမ်းကာ ဝင်သွားလေသည်။