『Unicode』
ရာသီဥတုက အလွန်အုံ့မှိုင်းနေပြီး လေကပူကာ မွန်းကျပ်နေ၏။ သည်နေရာ၏ ခြောက်သွေ့မှု လျော့ပါးစေရန် မိုးရွာမှဖြစ်တော့မည်။
ရှောင်းမင်မှာ ယခုထိ မယုံကြည်နိုင်သေးသည့်အလား ဝန်လေးဟန်များဖြင့် မေးလာသည် : " အိမ်တို့ ကားတို့ရော..... မဟုတ်လဲ တခြားစည်းစိမ်တွေပေါ့ ? "
ချန်မြောင်သည် ပြင်းပြင်းထန်ထန်အဖြေရှာနေသည့်ပမာ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ : " ကြည့်ရတာ.......ကြည့်ရတာ လစာကတော့ ယွမ်နှစ်ထောင်တိုးလာသလိုပဲ..."
ရှောင်းမင် မပြောခင်ကတည်းက ချန်မြောင်ဟာ သူသည် ယွမ်၂၀၀၀နှင့် တစ်လကြာ အလွဲသုံးစားလုပ်ခံရသည့်အလားဝမ်းနည်းမှုမျိုးအား ခံစားနေရပြီဖြစ်သည်။
နှစ်ယောက်သား ကို့ရို့ကားရားအခြေအနေဖြင့် မျက်နျာချင်းဆိုင်လျက် အချိန်အကြာကြီး ထိုင်နေခဲ့မိ၏။ ရှောင်းမင်၏မျက်နှာမှာ ကာလာစုံ ပြောင်းလို့။ ချန်မြောင်ကဲ့သို့ လူတစ်ယောက်ကို သူ ဘာကြောင့် ရှုံးသွားရသလဲဆိုသည်အားလည်းပဟေဠိဖြစ်နေမိသည်။ နောက်ဆုံး၌ သူ့မျက်ဝန်းထဲတွင် တစ်စုံတစ်ရာ ဖြတ်ပြေးသွားကာ အသံကို အနည်းငယ် လျှော့၍အရှေ့ကိုင်းလာခဲ့သည်။ ပြီးလျှင် သူ့မျက်နှာအမူအရာမှာလဲ ချန်မြောင့်အတွက် လွန်စွာစာနာပေးနေသည့်နှယ်။
" အစ်ကိုလုက... မင်းသိတဲ့အတိုင်း အလုပ်အရမ်းများတော့ ကိစ္စတွေကို လွယ်လွယ် မေ့တတ်တယ်လေ... မင်းဘာလို့ သူ့ကို မသိမသာနဲ့ သတိမပေးတာလဲ ? " ရှောင်းမင်၏ တိုးလျသော အသံမှာ ပူလောင်စိုစွတ်သောလေထုထဲ၌ ထွက်ပေါ်လာသည်။
ချန်မြောင်မှာ ရှက်ရွံသွားပြီး : " ဒါက...ငါ ဘယ်လို သူ့ကို သတိပေးသင့်လဲ..."
" မသိမသာနဲ့ပဲ ပြောကြည့်လေ...ပြောကြည့်လိုက်။မင်းလဲ ဘာမှမရပဲ အလုပ်ကြိုးစားမနေချင်ဘူးမလား။ ဘာပဲဖြစ်ဖြစ်ငါလည်း အစ်ကိုလုက အိပ်ရာပေါ်မှာ ရှယ်မှန်း သိပါတယ် ၊ မင်းရော မထင်ဘူးလား ? "