『Unicode』
မည်သို့ဖြစ်စေ လုလျန်နင်သည် အရွယ်ရောက်Alphaတစ်ယောက်ဖြစ်၍ အရပ်ရှည်ကာ ကြီးမား၏။ လီယန်၏ ကုတင်သေးပေါ်တွင် လှဲသောအခါ လုကျယ်ရွေ့ထက်ပင် နေရာပိုယူထားပြီး ၊ နေရာတစ်ဝက်ကျော်လောက် သိမ်းပိုက်ထားလေသည်။
လီယန်သည် သူ့ဘေးရှိ ထိုင်ခုံပုလေးပေါ်မှ ထကာ ဖြည်းဖြည်းချင်း လျှောက်လာလိုက်သည်။ သူသည် ဖယောင်းတိုင်မီးအောက်တွင် နူးညံ့ဟန်ပေါ်သော လုလျန်နင်၏ မျက်နှာကို ကြည့်နေမိသည်။
သူသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ထင်။ လီယန် ထိုင်ရတာ အနည်းငယ် အေးလာသည်ခံစားရ၍ ပါးစပ်ကိုအုပ်ရင်း ချောင်းနှစ်ချက်ဆိုးလိုက်၏။ လုလျန်နင်ကိုကြည့်သော် သူက ကောင်းကောင်းအိပ်ပျော်နေခဲ့ပါသည်။
သူ လက်မြှောက်၍ လုလျန်နင်ကို အထဲတွန်းကာ နေရာသေးလေးတစ်ခု ချန်လိုက်၏။ သူ ကွေး၍ လှဲချလိုက်ပြီး စောင်တစ်ဝက်ကိုဆွဲခြုံလိုက်သည်။
ထိုအချိန်တွင် လုလျန်နင်က ရုတ်တရက်နိူးလာခဲ့သည်။
လီယန့် မျက်လုံးများမှာ မပိတ်ရသေးသည်မို့ ခန္ဓာကိုယ်ကလဲ တောင့်သွားရ၏။ လုလျန်နင် ယခု အလွန်အားနည်းပြီး ရန်မလိုနိုင်သည့်အသွင်ဖြစ်နေသော်ငြား လီယန့်အပေါ်မှာ ကြီးကြီးမားမား ဖိနှိပ်နိုင်သည့်ခံစားချက်ကို ဆောင်ကြဉ်းပေးလာနိုင်ဆဲပင်။
လုလျန်နင်သည် မျက်စိတစ်ဝက်စင်းလျက် သတိ သိပ်မကပ်သည့်ပုံထင်ရ၏။
နှစ်ယောက်သား အချင်းချင်းကြည့်နေမိချိန်တွင် လီယန် အသက်ပင်မရှုဝံ့ပေ။ သူသာ ယခု လုလျန်နင်ကို နှင်ထုတ်လိုက်ပါက အနှီသူ ခံစားချက်တွေအထိန်းအချုပ်လွတ်သွားဦးမလား မသိ။
ရလဒ်မှာတော့ လုလျန်နင်သည် လီယန့်ကို စိတ်လှုပ်ရှားမှု ကြောက်ရွံ့မှုများမရှိပဲ ဇဝေဇဝါဖြစ်နေသည့်ပုံနှင့် ကြည့်လာ၏။
သူ မျက်တောင်ခတ်လိုက်၍ မျက်တောင်များက တုန်ယင်သွားပြီးမှ ပြောလာသည် : " ဒီတစ်ခါတော့ သေမှာမဟုတ်ဘူးမလား။ " သူသည် အနည်းငယ် မယုံကြည်နိုင်သည့်ပုံပေါ်ကာ လက်မြှောက်၍ လီယန့်လက်ကို ဆွဲယူ စစ်ကြည့်လေသည်။