『Unicode 』
လီယန် လောင်ယွဲ့ထံမှ အကြိမ်းမောင်းခံခဲ့ရသဖြင့် အိမ်ရှိ ကိုင်းကြီးကြီးနှင့် ထီးအနက်တစ်လက်ကိုထုတ်လာခဲ့ရသည်။လောင်ယွဲ့၏ ထီးအပျက်နှင့်ဆိုလျှင် အရည်အသွေးက မိုးနှင့်မြေလိုကွာခြားသည်။
လောင်ယွဲ့က ထီးအနက်ကြီးကိုယူပြီး သူ့အား ရိုက်ဟန်ပြုသည်။ လီယန်မှာ ပုန်းရှောင်ရင်းဆိုရသည် :
" ခင်ဗျားကျိုးနေတဲ့ထီးက ဖွင့်ကိုင်ထားရင်တောင် မိုးယိုနေတာ။ အသစ်တစ်လက်လဲပေးတာတောင် ကျွန်တော့်ကိုကျေးဇူးတင်သင့်တာ။ ဒီတစ်လက်ရဲ့ အရည်အသွေးက ခင်ဗျား ထီးအပျက်ထက် အဆတစ်ထောင်ပိုကောင်းတယ်နော် "
လောင်ယွဲ့က ဒေါသတကြီး နှာမှုတ်လိုက်ပြီး : " ချီးကိုသိ ၊ မကောင်းတဲ့ကောင်လေး အဲ့ဒီထီးက ငါနဲ့နှစ်နှစ်ဆယ်နီးပါးအတူရှိလာတာကွ ၊ငါ့မှာ အဲ့ဒါအတွက် ခံစားချက်တွေရှိနေတာကို မင်းဟာနဲ့ ဘယ်လိုလုပ်တူနိုင်မှာလဲ ! "
" ဘာ !? နှစ်၂၀ ? ခင်ဗျား ဒီထီးကို ထပ်သုံးနေရင် ကျွန်တော့်ထက်အသက်ကြီးတော့မှာ ! "
" ချီးကို မင်းထက်ကြီး ၊ မင်းထက်ကြီးတော့ ဘာဖြစ်သလဲ ၊ ငါက အတိတ်ကို လွမ်းဆွတ်တာကွ ! " လောင်ယွဲ့လက်ထဲမှထီးအနက်ကြီးမှာ လေဝှေ့လိုက်သည်နှင့် အသံတွေထွက်လာ၏။
" အိုင်းယား ကောင်းပြီ ကောင်းပြီ ကောင်းပြီ။ ကျွန်တော် ဒီလအမဲသားခေါက်ဆွဲမစားတော့ဘူး။ လျော်ပေးတယ်လို့သဘောထားလိုက် " လီယန်လဲ နံရံဆီဆုတ်၍ အညံ့ခံသလို လက်ယမ်းပြလိုက်၏။
ထိုအခါမှ လောင်ယွဲ့က ပြန်ရုတ်လိုက်ပြီး လီယန်ယူလာသည့် ထီးအနက်ကို သေချာစစ်ကြည့်လေသည်။ လီယန် တိုးကပ်လာသည်ကိုမြင်လျှင် သူ၏ ချစ်လှစွာသော ထီးကို ဆုံးရှုံးထားရသည့်အလား မျက်နှာကို တင်းထားလေသည်။
လီယန်သည် သူနှင့်ဖြေရှင်းစရာအကြောင်းမရှိပေ။ သူက လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်၍ လောင်ယွဲ့ ခွက်အပဲ့ထဲမှငွေတွေကိုကြည့်ကာ သက်ပြင်းချပြီးနောက် ထထွက်သွားတော့သည်။