『Unicode』
လီယန် အခန်းထဲတွင်ရပ်လျက် သူ့အခန်းတစ်ဝက် နေရာယူထားသည့် လုကျယ်ရွေ့၏ အရုပ်တွေကို ကြည့်လိုက်မိသည်။သူသည် အင်အားမဲ့၍ စိတ်ဓာတ်ကျသည့်အသွင်မျိူးဖြင့် နံရံကို မှီထားလိုက်မိ၏။
တကယ်ကို စိတ်ရှုပ်စရာပင်။
သူမင်းကို မေမေလို့ အကြိမ်ရေနည်းနည်းလောက်ခေါ်ရုံနဲ့ မင်းက သူ့ကို တကယ်ပျိုးထောင်နိုင်ပြီ ထင်နေတာလား ။ သူမင်းနဲ့ အရမ်းရင်းနှီးလာခဲ့တယ်၊ မင်းက သူ့ကို မလိုချင်မှန်း သိလျက်သားနှင့်လေ။ မွေးတုန်းက မင်း သူ့ကို လည်ပင်းတောင် ညှစ်သတ်ချင်ခဲ့တာမလား။
သူက စာရင်းရှင်းဖို့အတွက် နောက်ဆုံးအပေးအယူချပ်စ်ပြားဖြစ်နေတာကိုရော သူသိရဲ့လား။
လုအိမ်က လုကျယ်ရွေ့ကို မစွန့်ပစ်သလို လုလျန်နင်ကလဲ အခြားသူတစ်ယောက်ကို လက်မထပ်ချင်ပေ။
သူဟာ လုကျယ်ရွေ့ကို ကောင်းကောင်းကြီးပင် ပျိုးထောင်ပေးခဲ့ပါ၏။ လုကျယ်ရွေ့ဟာ သက်တူရွယ်တူအခြားကလေးများထက် အရပ်ပိုရှည်ပြီး ရုပ်ရည်ရှိကာ နှစ်သက်ဖွယ်ကောင်းသည်။သူငယ်တန်းမှာ ကောင်းကောင်းမွန်မွန်နေရလောက်သည်ပင်။
သူက မင်းနောက်လိုက်လာရင် ဘာများရမှာမို့လဲ။ မင်းက တက္ကသိုလ်တောင် မတက်ခဲ့ရဘူး။ သူ့အတွက် ဖန်တီးပေးနိုင်သည့် စီးပွားရေးအခြေအနေဖြစ်စေ ၊ပညာရေးအဝန်းအဝိုင်းဖြစ်စေ နောက်ကျလွန်းနေမှာပင်။ ထို့အပြင် သူက လုမိသားစုက။ လုလျန်နင်၏ တစ်ဦးတည်းသော အမွေဆက်ခံသူ ၊ လုအိမ်၏ မြင့်မြတ်သော သခင်လေးတစ်ယောက်ပင်။
ဒါဆို မင်းရော။ မင်းက သူ့ကိုမင်းနဲ့အတူ ဂေါ်ဖီရွက်တွေ စားစေချင်နေတာလား ?
မင်းကို မေမေခေါ်တော့ ထူးရဲသလား ? သူ အဲ့ဒီအချိန်တုန်းက ငယ်ငယ်လေးပဲရှိသေးတယ် ၊ ဘာမှလဲမသိဘူး။ အရမ်းလဲအပြစ်ကင်းပါလျက် ၊ မင်းက သူ့ဘဝကို အဆုံးသတ်ပေးချင်ခဲ့တာ။
လီယန် ရုတ်တရက် မျက်လုံးမှိတ်ကာ အသက်ရှုထုတ်လိုက်သည်။
ကံကောင်းစွာနှင့် လုကျယ်ရွေ့က အသစ်အဆန်းတွေကို စိတ်ကုန်ခဲ့ပုံရကာ သူနှင့် အကြာကြီး လာနေထိုင်ပေးခဲ့သည်။
YOU ARE READING
အမှောင်မြစ်ခွင်း အလင်းတည်ရာ || ဘာသာပြန် ||『Completed』
Storie d'amoreလုလျန်နင် × လီယန်