Chapter - 16

1.7K 300 6
                                    

『Unicode』



တောင်တန်းပေါ်က ပတ်ဝန်းကျင်မှာ အနည်းငယ် ခက်ခဲသည်။ တောင်တန်းတွေက တောင်ခြေထက် အများကြီး ပိုအေးကြောင်း ချန်မြောင် ရှင်းရှင်းကြီးခံစားရသည်။

ဤ ရှေးခေတ်ရှန်းရှဒရာမာ​၏ ဒါရိုက်တာသည် လက်တွေ့ဆန်ဆန် ရိုက်ကူးခြင်းကို နှစ်သက်ပြီးအများကြီး တွေးတောဆင်ခြင်ပြီးမှ ဤနေရာကို ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။

ရှန်းရှန်ဒရာမာသည် IP ကြီးပြီး မူရင်း စာရေးဆရာကပဲ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာဖြစ်သည်။ မကြာသေးမှီကမှအကောင်းဆုံး မျက်နှာသစ်သရုပ်ဆောင်ဆုကို ဆွတ်ခူးထားသော ယဲ့ဟယ့်က အမျိုးသားဇာတ်လိုက်ဖြစ်ပြီး လုလျန်နင်ကဒုတိယအမျိုးသားဇာတ်လိုက်ဖြစ်​၏။

မူလက ကုချန်သည် ဒါရိုက်တာနှင့် အမျိုးသားဇာတ်လိုက်နေရာကို တိုက်ခိုက်ခဲ့သေး​၏။ သို့သော် ယဲ့ဟယ့်က ယခုမှ ဆုရထားပြီး သူ့သရုပ်ဆောင်စွမ်းရည်ကလဲ အသိအမှတ်ပြုခံရကာ လူကြိုက်များနှုန်းက ဝေဆာလျက် ရှိသည်။ တစ်ဖက်တွင် လုလျန်နင်ကြောင့် ဖြစ်လာသော အပျက်သဘောဆောင်သည့်ကိစ္စများအား ကုချန် နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်သေးပေ။ အလုံးစုံ ခြုံ၍ စဉ်းစားကြည့်ပြီးနောက် ဒါရိုက်တာဟာ ယဲ့ဟယ်​၏ ပုံရိပ်က အမျိုးသားဇာတ်လိုက်နှင့် ပိုသင့်တော်သည်ဟု တွေးတောခဲ့​၏။

ထိုအချင်းအရာကြောင့် လုလျန်နင် အလွန်စိတ်ညစ်ညူးသွားရသော်လည်း သူ ဤအခွင့်အရေးကို လက်လွတ်မခံချင်။ဤသို့သော IPကြီးသည့်ဒရာမာများဟာ စပင်မရိုက်ကူးရသေး ၊ မူရင်းဖန်များက အရှိန်အဟုန်တစ်ခုကို တည်ဆောက်ပေးနှင့်ပြီးသားဖြစ်​၏။ လတ်တလောတွင် ယဲ့ဟယ့်က ရေပန်းစားနေပြီး သူကိုယ်တိုင်ကလဲ အများကြီး trafficဖြစ်​၏။ ထို့အပြင် ဒါရိုက်တာသည်လည်း နာမည်ကောင်းရထားသော ရန်ချီ။

အဆုံးမှာတော့ လုလျန်နင် အလျှော့မပေးတော့ချေ။ အကယ်၍ သူ ဤဒုတိယဇာတ်လိုက်ကို လက်လွှတ်လိုက်ပါလျှင် မရေနိုင်သောလူပေါင်းများစွာက ဤဇာတ်ရုပ်ကို အရယူဖို့ အလုအယက်ကြိုးပမ်းကြလိမ့်မည်ဟု ခံစားရ​၏။

အမှောင်မြစ်ခွင်း အလင်းတည်ရာ || ဘာသာပြန် ||『Completed』Where stories live. Discover now