ဝေးလံခေါင်ဖျားသော အရှေ့မြောက်ဖက် ကျေးလက်ဒေသရှိ တောင်တောင်အထပ်ထပ် စုဝေးရာ အရပ်မှ လက်တစ်ချောင်းကျောင်းတော် အမည်ရ ဗုဒ္ဓဘုရားကျောင်းလေး တစ်ကျောင်း။ ဘုရားကျောင်းသည် မကြီးမား၊ သို့ပေသည့် အံ့ဖွယ်တန်ခိုးကြီး၏။ ရနံ့မွှေးကြိုင်သော ဆန် ရှိ၏။ နတ်သဒ္ဓါနှင့် နှိုင်းယှဥ်ရလောက်သော ချိုမြလန်းဆန်း သောက်ရေချမ်း ရှိ၏။ ကိုယ်စိတ်ကြွင်းမဲ့ တောင်းဆုခြွေက ပြည့်စေတတ်သော မြတ်ဗုဒ္ဓတို့ ရှိ၏။ ဘုရားကျောင်းသည် မကြီးမား၊ သို့ပေသည့် ပြီးပြည့်စုံ၏။ ဘုရားကျောင်းသည် မကြီးမား၊ သို့ပေသည့် အမွှေးနံ့သာ ပူဇော်ကန်တော့ခြင်း အရာ၌ ကျန်ဘုရားကျောင်းအားလုံးထက် ဆပေါင်းမက စည်ပင်ပေါကြွယ်ဝ၏။ ဘုရားကျောင်းသည် မကြီးမား၊ သို့ပေသည့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များ ညလုံးပေါက် စီတန်းရပ်စောင့်ကြရ၏။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် အဆင်းရူပကာ ချောမောတင့်တယ်သော ဘုန်းကြီးတစ်ပါး ရှိ၏။ နေ့စဥ်ပုံမှန် သူ ငြီးတွားလိမ့်မည်။"ငါ လူထွက်ချင်တယ်။ ကြည့်ပျော်ရှုပျော်ရှိပြီး ဆည်းလည်းသံလေးလို သာယာတဲ့ မိန်းကလေးမျိုးနဲ့ လက်ထပ်မယ်။ ချစ်စရာ ပူတူးတူးလေး တစ်ယောက်လောက် မွေးမယ်။ တည်တံ့ခိုင်မြဲတဲ့ ဘဝလေးတစ်ခု တည်ဆောက်မယ်။"
ဤစာအုပ်သည် တရုတ်ရိုးရာယဥ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် ဗုဒ္ဓဘာသာတရားအကြောင်း ထည့်သွင်းတင်ဆက်ထားသော ပေါ့ပေါ့ပါးပါး ဝတ္ထုတစ်ပုဒ်သာ၊ ဘဝကို အပြုသဘောဆောင် ကြိုးစားရုန်းကန်ရန်နှင့် မိမိကိုယ်ကို မည်သို့ အသက်ရှင်နေထိုင်သင့်ကြောင်း၊ တစ်ပါးသူအား မည်သို့ ပြုမူဆက်ဆံသင့်ကြောင်း ထပ်ဟပ်ပေါ်လွင်စေမည့် စာအုပ်တစ်အုပ် ဖြစ်ပေသတည်း။
┈┉┅━✥ ༺ ⚜ ༻ ✥━┅┉┈
မူရင်းဝတ္ထု:
The Monk That Wanted To Renounce Asceticismမူရင်းစာရေးသူ:
A Golen Millet Dream
(Yi Meng Huang Liang) (一梦黄粱)အင်္ဂလိပ်ဘာသာပြန်: CKtlon
မြန်မာဘာသာပြန်: The Firefly
Facebook/Telegram: ဗုဒ္ဓစနစ်
┈┉┅━✥ ༺ ⚜ ༻ ✥━┅┉┈
YOU ARE READING
ဗုဒ္ဓစနစ်(၂)
Fantasyဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...